Published 01 December 2023

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ (၄) ရပ်ကွက်၊ (၉) လမ်း (ရွှေပုဇွန်ဘေး) တိုက်အမှတ် ၇၄ တွင်နေထိုင်သူ ရွှေလုပ်ငန်း လုပ်ကိုင်သူတစ်ဦးအား နိုဝင်ဘာလ ၂၈ ရက် နံနက် ၁၁ နာရီကျော်ခန့်က သတ်သွားသူ ၂ ဦးကို ယနေ့ ဒီဇင်ဘာလ ၁ ရက်တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။

“တစ်ယောက်ကို သာကေတမှာ မိတယ်၊နောက်တစ်ယောက်ကို ဘိုကလေးမှာ မိတယ်။နှစ်ယောက်လုံးမှာ တက်တူးတွေ ထိုးထားတယ်။အခုအသေးစိတ် စစ်ဆေးနေတုန်းပါ၊တစ်ယောက်ယောက်က အခကြေးငွေ ပေးပြီးတော့ လုပ်ကြံခိုင်းတဲ့ အခြေအနေမျိုးလို့ သိရတယ်”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အသတ်ခံရသူမှာ အသက် ၆၇ နှစ်အရွယ် ဦးမောင်ဝင်း ဆိုသူ ဖြစ်ပြီးအဆိုပါ အမှု ဖြစ်စဉ်အပေါ် လမ်းမတော် မြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ လူသတ်မှု ဖြင့် အမှုဖွင့် ထားပြီး လူသတ်မှု ကျူးလွန်သွားသူကို ရှာဖွေ စုံစမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published 01 December 2023
#Yangon_Times #YMG_News #Yangon_Media_Group