Published 1 December 2023

၆ ဘီးကုန်ကား ဘရိတ်ပေါက်၍ ဆိုင်ကယ်ကိုတိုက်မိပြီး ဆိုင်ကယ်မောင်းသူ ဆရာဝန်အမျိုးသားသေဆုံးပြီး ကုန်ကားယာဉ်နောက်လိုက် ဒဏ်ရာရရှိသည့် ဖြစ်စဉ်တစ်ခု မော်လမြိုင်မြို့မှာ ယမန်နေ့ညနေက ဖြစ်ပွားခဲ့ကြောင်း ပရဟိအဖွဲ့များထံမှသိရသည်။

အဆိုပါဖြစ်စဉ်မှာ နိုဝင်ဘာ ၃၀ ညနေ ၄ နာရီ ၅၅ မိနစ်အချိန်၌ မော်လမြိုင်မြို့ ကျိုက္ခမီပတ်လမ်းမကြီးနှင့် တက္ကသိုလ်ပတ်လမ်းထိပ် VeVe အချိုရည်ကုမ္ပဏီ‌ရှေ့တွင်၁၂ ဘီးကုန်ကားယာဉ်လာနေသည်ကို ရပ်စောင့်ပေးနေသည့် ဆိုင်ကယ်မောင်းနှင်သည့် အမျိုးသားတစ်ဉီးကို ဘရိတ်ပေါက်သွားသည့် ၆ ဘီးယာဉ်က နောက်မှဝင်တိုက်ရာ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားမှာ သေဆုံးသွားကြောင်းသိရသည်။

'သူက ဆိုင်ကယ်ကိုရပ်ပြီး၁၂ဘီးကားလာတာရပ်စောင့်ပေးနေတုန်း နောက်ကနေ ခြောက်ဘီးကားက ဝင်တိုက်သွားတာပါ၊ နေရာမှာတင်ပွဲချင်းပြီးဆုံးသွားတာ၊‌ သေဆုံးသူကဆရာဝန်ပါ၊ ၆ဘီးယာဉ်နောက်လိုက်‌ဒဏ်ရာရပါတယ် 'ဟု Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါအမျိုးသားမှာ နေရာတွင် ပင်သေဆုံးသွားသည့်အတွက် ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့်ကျွဲခြံကုန်းလူမူကယ်ဆယ်ရေးအဖွဲ့တို့ ရောက်ရှိကူညီခဲ့ပြီးယင်း ဖြစ်စဉ်၌ ၆ ဘီးက ယာဉ်နောက်လိုက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် လူနာကို လိုအပ်သည်များပြုစု‌ပေးပြီး မော်လမြိုင်ဆေးရုံကြီးသို့ ဘိုဘိုဝင်းအဖွဲ့ လူနာတင်ယာဉ်နှင့် ကူညီပို့‌ဆောင်ပေးခဲ့ကြောင်းသိရသည်။

ထို့အပြင် သေဆုံးသူဒေါက်တာစိုးကိုလွင်ကိုမူ ကျွဲခြံကုန်းလူမူကယ်ဆယ်ရေးအဖွဲ့ လူနာတင်ယာဉ်ဖြင့် မော်လမြိုင်ဆေးရုံကြီး OPD ကို ပို့ဆောင်ပေးပြီး ရင်ခွဲရုံအထိပါ ပို့ဆောင်ကူညီပေးခဲ့ကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published 01 December 2023
#Yangon_Times #YMG_News #Yangon_Media_Group