Published 29 November 2023

    ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဖရောင်ဝ်မြို့ မဲ့ဝယ်န်ကျေးရွာရှိ လမ်ယိုင်အသီးစိုက်ပျိုးသည့်ခြံတွင် အလုပ်သမားများ ဓါတ်မြေဩဇာ ရောစပ်ရာမှ ပေါက်ကွဲမှု ဖြစ်ပြီး မြန်မာအလုပ်သမားများအပါအဝင် ၃ဦးသေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာန များ၏ ဖေါ်ပြချက်အရသိရသည်။

    ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဓာတ်မြေသြဇာရောစပ်နေရာမှ အရှိန်ပြင်းစွာပေါက်ကွဲမှုကြောင့် လူနှင့် နေအိမ်အပါဝင် ကားများပျက်စီးခဲ့ကြောင်း သိရသည်။

  ပေါက်ကွဲမှုကြောင့်  အခင်းဖြစ်သည့် နေရာတွင် ခြံပိုင်ရှင်ဇနီးဖြစ်သူ၏ ညီမနှင့်  မြန်မာအလုပ်သမားအမျိုးသမီးတို့ သေဆုံးခဲ့ပြီး  မီးလောင်ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည့် မြန်မာအလုပ်သမားအမျိုးသား တဦးကို ဖရောင်းဝ်ဆေးရုံသို့ ဆေးကုသရန်ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်သဖြင့်  ထပ်မံသေဆုံးခဲ့ကြောင်းသိရှိရသည်။

   အဆိုပါ အလုပ်သမားများသည် လမ်ယိုင်အသီးအပွင့် အမြန်ကြီးထွားရန်အတွက်  ၂၅ကီလိုဂရမ်ရှိသည့် ပိုတက်စီယမ်ကလိုရိုတ် ၃ အိတ် နှင့်  ၅၀ကီလိုဂရမ်ရှိသည့် ယူရီးယား တအိတ်တို့ကို  ရောစပ်နေစဉ်ရုတ်တရက် ပေါက်ကွဲခြင်း ဖြစ်ကြောင်းခြံပိုင်ရှင်၏ထွက်ဆိုချက်အရ  သိရသည်။

ပေါက်ကွဲမှုဖြစ်ရသည့် အသေးစိတ်အချက်အလက်များကို ဆေးပညာ ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 ချင်မိုင်းခရိုင်နယ်တွင်ပိုတက်စီယမ်ကလိုရိုတ်ပေါက်ကွဲမှုကြောင့် လူပေါင်းများစွာသေဆုံးမှုတခု ၁၉၉၉ ခုနှစ်တွင်ဖြစ်ဖူးကြောင်းသိရသည်။
Yangon_Times/LW
#Local_News
#Published 29 November 2023
#Yangon_Times #YMG_News #Yangon_Media_Group