Published_ 29 November 2023

နှစ်နှစ်ကျော်ကြာရပ်နားထားသည့် ဆီဒိုးနားဟိုတယ်(ရန်ကုန်)ကို ဒီဇင်ဘာ ၁ ရက်နေ့ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဟိုတယ်ဘက်က တရားဝင် အသိပေးကြေညာထားချက်အရသိရသည်။

အဆိုပါ ဆီဒိုးနား ဟိုတယ်ကို ကိုဗစ်-၁၉ ကပ်ရောဂါဒဏ်နှင့်အတူ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်များကြောင့် ၂၀၂၁ ခုနှစ်၌စတင် ပိတ်ထားခဲ့ခြင်းဖြစ်ပြီး (၂) နှစ်ကျော်အကြာ၌ ပြန်လည်ဖွင့်လှစ်လိုက်ခြင်းလည်း ဖြစ်သည်။

ထိုသို့ ဖွင့်လှစ်ရာတွင် ဆီဒိုးနားဟိုတယ် Inya Wing ၌ ၅၀% အထိ ရရှိမည့် အထူးလျှော့ဈေးနှင့် အနားယူ အပန်း‌ဖြေနိုင်မည်ဖြစ်ပြီးတစ်ဦးလျင် 65++ ‌‌‌ဒေါ်လာမှ စတင် ‌ရွေးချယ်တည်းခိုနိုင်ပြီး ဒီဇင်ဘာ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၀ ရက်နေ့အထိ တည်းခိုနိုင်ကြောင်း သိရသည်။

အဆိုပါဆီဒိုးနားဟိုတယ်(ရန်ကုန်)၏ မူလပိုင်ရှင် Keppel Land မှ ဟိုတယ်ပိုင်ဆိုင်မှုအလုံးစုံကို စင်ကာပူအခြေစိုက် Spring Blossom Venture ထံ အမေရိကန်ဒေါ်လာ ၅၇.၄ သန်းဖြင့် အပြီးသတ် ရောင်းချထားပြီး ဖြစ်ကာပိုင်ဆိုင်မှုအလွှဲအပြောင်းဖြစ်ပြီးနောက်ဒီဇင်ဘာ၌ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရသည်။

စင်ကာပူအခြေစိုက် Spring Blossom Ventures လုပ်ငန်းသည် ကဏ္ဍစုံရင်းနှီးမြုပ်နှံမှုနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများကို အဓိက စီးပွားရေးလုပ်ကိုင်နေသည့် လုပ်ငန်းစု ဖြစ်ကြောင်းသိရသည်။

ဆီဒိုးနားဟိုတယ်(ရန်ကုန်) ကို ၁၉၉၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံ၌ အစောဆုံး ဖွင့်လှစ်ခဲ့သည့် နိုင်ငံတကာဟိုတယ် လုပ်ငန်းများ၌ တစ်ခုအပါအဝင်လည်း ဖြစ်ပြီး Keppel Land အနေဖြင့်ကန်ဒေါ်လာသန်း (၈၀) ခန့် ရင်းနှီးမြှုပ်နှံပြီး ကြယ်ငါးပွင်အဆင့်ရှိသည့် ဟိုတယ်ဘေးကပ်လျက်၌ ၂၉ ထပ် အမြင့်ရှိ အခန်းပေါင်း ၄၃၁ ခန်း ပါဝင်သည့် Inya Wing တာဝါကို ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published 29 November 2023
#Yangon_Times #YMG_News #Yangon_Media_Group