#Local_News
Published_ 27 November 2023


နက္ခတ်တာရာစုံညီလေ့ရှိသည့် ယနေ့တန်ဆောင်မုန်း လပြည့်‌နေ့တွင် ဆေးပေါင်းခမည့်အချိန်(၂)ချိန်ရှိပြီး ကံအကျိုး‌ပေးကောင်းစေမည့် ပံ့သကူပစ္စည်းလေးမျိုးလှူဒါန်းနိုင်ကြောင်း သိရသည်။

 

"တန်ဆောင်မုန်းလပြည့်နေ့ မနက်၁၁ နာရီ ၃၅ မိနစ်မှ ၁၁ နာရီ ၄၅ မိနစ်အတွင်း ဆေးပေါင်းခချိန်မှာ ဆေးဘက်ဝင် မဲဇလီဖူးသုပ်ကို သုံး‌‌ဆောင်ပါက မိမိပြောဆိုသမျှအောင်မြင်တာ၊ စီးပွားလာဘ် လာဘကောင်းဝာာ၊ အသိုင်းအဝိုင်း‌ကောင်းတွေကြုံတွေ့နိုင်တယ်။ ရုံးသမားတွေအတွက်ကတော့ ည ၆ နာရီ ၅ မိနစ်မှ ၁၅ မိနစ်အထိ မဲဇလီဖူးသုပ်စားသုံးနိုင်မှာဖြစ်တယ်"ဟုမြန်မာနိုင်ငံနက္ခတ်ပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ပါရဂူဒေါက်တာကြည်ကြည်စိန်‌ကပြောသည်။

 

တန်ဆောင်မုန်းလပြည့်နေ့တွင် ဆေးပင်စောင့်နတ်မင်း အပေါင်းသည် မဲဇလီပင်စောင့်နတ်မင်းကြီးကို လာရောက် ခစားလေ့ရှိသည့်အတွက် အဆိုပါနေ့တွင် မဲဇလီကိုဆေးဖက်ဝင်အောင် စီရင်ပြီး သုံးဆောင်လေ့ရှိသည်ဟု တိုင်းရင်းဆေးပညာကျမ်းများ၏ ဖော်ပြချက်အရသိရသည်။

 

တန်ဆောင်တိုင်ကာလတွင်   ပံ့သကူပစ်ပြီး ကုသိုလ်ပြုလိုသူတွေ အနေဖြင့်အခက်အခဲအကြပ်အတည်းများမှ လွတ်မြောက်အောင်၊ သောကကင်းဝေး‌အောင်၊ စီးပွားလာဘ်လာဘ‌တွေတိုးအောင် ၊ငွေဝင်အောင် ပံ့သကူပစ္စည်းအဖြစ်ဖိနပ်၊ အဝတ်အစား၊ အ‌မွှေးနံသာနှင့်‌ ငွေကြေးများ ပံ့သကူပစ်ပြီး ကုသိုလ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #တန်ဆောင်မုန်းလပြည့်နေ့ #ဆေးပေါင်းခမည့်အချိန်(၂)ချိန် #ပံ့သကူပစ္စည်းလေးမျိုးလှူနိုင် #tthl #Yangon _Times