#Local_News
နေပြည်တော်၊ နိုဝင်ဘာ -၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်နေ့ အထိ (၃) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်လျက်ရှိသည်။

 

အဆိုပါ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင်မီးထွန်းပွဲတော် ကျင်းပမှု များအနက် မီးပုံးပျံများ လွှတ်တင်ပူဇော်မှုကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV HD၊ MRTV Sports၊ MRTV Farmers’၊ MRTV Parliament၊ MWD HD Channel၊ MWD Variety HD Channel ၊ MWD Education ၊ Knowledge & Sports Channel ၊ Channel Light Channel၊ မြန်မာ့အသံရေဒီယိုနှင့် MRTV APP: အပါအဝင် Online တို့မှလည်း နိုဝင်ဘာ ၂၇ ရက် (တန်ဆောင်မုန်းလပြည့်) ည (၇)နာရီအချိန်မှ စတင်ပြီး တိုက်ရိုက် (Live) ထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး #မီးပုံးပျံလွှတ်တင်ပူဇော်မှု #Yangon_Times