#Local_News
Published 26 November 2023

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ အဗျားဘိုတဲကျေးရွာအနီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ်(၇၆/၅)နှင့် (၇၆/၆)ကြားတွင် ရပ်ထားသော ၆ဘီးယာဉ် ကို ကျော်တတ်သည့် ၁၈ဘီး တွဲယာဉ် သည် အရှိန် မထိန်းနိုင်ဘဲ တစ်ဖက်ကလာသည့် ခရီးသည်တင်ယာဉ်ကို တိုက်မိသောကြောင့် ၁ဦးသေဆုံးပြီး၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

 

နိုဝင်ဘာ ၂၆ရက် နံနက် ၅နာရီ ၄၅ မိနစ်အချိန်ခန့်ကကျိုက်ထိုမြို့ဘက်မှ ဝေါမြို့ဘက်သို့ မောင်းနှင်လာသော FORLAND အမျိုးအစား (အပြာရောင်) ၆ဘီးယာဉ်သည် ကားလမ်းမပေါ်တွင် စက်သပ်ရပ်နားထားစဉ် လားရာတူ ကျိုက်ထိုမြို့ဘက်မှ ဝေါမြို့ဘက်သို့ မောင်းနှင်လာသည့် FUSO-70 (အဖြူရောင်) ၁၈ ဘီး တွဲယာဉ်သည် မောင်းနှင်၍ ကျော်တက်စဉ်အရှိန်မထိန်းနိုင်ဘဲ FORLAND ယာဉ်နောက်ပိုင်းအား တိုက်မိပြီး တစ်ဖက်ယာဉ်ကြောရှိ ဝေါမြို့မှ ကျိုက်ထိုမြို့ဘက်သို့ မောင်းနှင်လာသည့် SCANIA (ဖြူ/ဝါကြားရောင်) ခရီးသည်တင်ယာဉ်အား ဝင်ရောက်တိုက်မိကြောင်းသိရသည်။

 

အဆိုပါဖြစ်စဉ်ကြောင့် FUSO-70 ယာဉ်မှ ယာဉ်မောင်းကျား(၁)ဦး (သေဆုံး)ပြီး SCANIA ခရီးသည်တင်ယာဉ်မှ အမျိုးသမီး(၂)ဦး၊ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)နှင့် အမျိုးသမီး(၇)ဦး၊ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)တို့ရရှိခဲ့ကြောင်း သိရသည်။

 

ဝေါမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ကာထိခိုက်ဒဏ်ရာရရှိသူများကို ဝေါမြို့နယ်ပရဟိတအသင်းနှင့် ဖြူစင်မေတ္တာပရဟိတအသင်းမှ ယာဉ်များဖြင့် ဝေါပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

 

#Local_News #ခရီးသည်တင်ယာဉ်ကိုဝင်တိုက် # ၁ဦးသေ၁၃ဦးထိခိုက်ဒဏ်ရာရ
#YMG/NN #Yangon_Times