#Local_News
Pnblished 22 November 2023


မလေးရှားသို့သွားရန်အတွက် ထိုင်းနိုင်ငံမှတစ်ဆင့် ခိုးဝင်ရန်ကြိုးစားသည့်မြန်မာအလုပ်သမား၈ ဦး ထိုင်းနိုင်ငံရနောင်းခရိုင်တွင် အဖမ်းခံရကြောင်း ထိုင်းအာဏာပိုင်များ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

 

ရနောင်းခရိုင် ကရဘူရီမြို့ နမ်းကျိန့်နွဲကျေးရွာ အုပ်စု ၂ နယ်မြေတွင် ဒေသခံအာဏာပိုင်အဖွဲ့များကင်းလှည့်နေစဉ် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၈ဦးတို့ကို ယခုလ ၁၉ ရက်နေ့ ည ၈ နာရီခွဲခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရနောင်းအခြေစိုက်အမှတ် ၂၅ အထူးခြေလျင်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

 

ယင်းအလုပ်သမားများသည်  ရန်ကုန်မြို့မှ ထွက်လာပြီး ကော့သောင်းမှ တဆင့်ရေလမ်းကြောင်းဖြင့် ဝင်ရောက်လာပြီး မလေးရှားနိုင်ငံသို့ ဆက်လက်ထွက်ခွာရန်စားအုန်းဆီခြံတွင် ကားစောင့်နေစဉ်တွင် အဖမ်းခံရခြင်း ဖြစ်သည်။

 

မလေးရှားသို့သွားရန်အတွက်  ပွဲစားခအဖြစ် ၈ ဦးအတွက် ဘတ်ငွေ ၇၀၀၀၀ ပေးရကြောင်း သိရသည်။

 

ဖမ်းဆီးမိသူများအားလုံးကို တရားဥပဒေအတိုင်းဆက်လက်ဆောင်ရွက်ရန် ရနောင်းခရိုင် ပါက်ကျန်ရဲစခန်းသို့ လွှဲပြောင်းပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #ထိုင်းမှတစ်ဆင့်ခိုးဝင် #မြန်မာအလုပ်သမား၈ဦးအဖမ်းခံရ #YMG/LW #Yangon_Times