#Local_News
Published 21 November 2023

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီကို အသစ်ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာနမှ သိရသည်။

 

အဆိုပါ အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် ကော်မတီတွင်စီးပွားကူးသန်းဝန်ကြီးဌာနမှ အထူးအရာရှိက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း နိုဝင်ဘာ (၂၀) ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၃)ဖြင့် မြန်မာစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

 

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌအဖြစ် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်‌ရေးဝန်ကြီးဌာန အထူးအရာရှိ ဦးကျော်ရွှေထွန်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးဝင်းမြင့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့ဖြစ်ပြီး အဖွဲ့ဝင်များအဖြစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဦးစံရွှေမောင်၊ စီမံကိန်းရေးဆွဲရေးဌာန (ရခိုင်ပြည်နယ်) ပြည်နယ်ဦးစီးမှူး၊ ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (ရခိုင်ပြည်နယ်) ပြည်နယ်တာဝန်ခံ၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ရခိုင်ပြည်နယ်) ညွှန်ကြားရေးမှူး၊ ကော်မတီအတွင်းရေးအမှူးအဖြစ် ဒေါက်ကျော်ဆန်းဦး၊ တွဲဖက်အတွင်းရေးမှူးအဖြစ် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

 

#Local_News #ကျောက်ဖြူ #အထူးစီးပွားရေးဇုန် #YMG/NN #Yangon_Times