#Local_News
Published_ 21 November 2023


နိုဝင်ဘာလကုန်ပိုင်းအထိမိုးမပြတ်သေးသလို လေဖိအားနည်းရပ်ဝန်းနှင့် အားကောင်းလာပါကမုန်တိုင်းငယ် ဖြစ်ပေါ်လာနိုင်သေးကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

ယင်းကဲ့သို့ မိုးမပြတ်သေးကြောင်းကို နိုဝင်ဘာလ(တတိယ)ဆယ်ရက်ပတ်နိုဝင်ဘာလ(၂၀ရက်မှ၃၀ရက်)အထိ )အတွက် မိုးလေဝသခန့်မှန်းချက်အရသိရခြင်းဖြစ်သည်။

 

နိုဝင်ဘာလ(၂၀)ရက်မှ(၃၀)ရက်အထိမိုးရွာသွန်းရက်များအဖြစ် ပဲခူးတိုင်း (အရှေ့ပိုင်း)၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်တောင်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၃)ရက်မှ (၅)ရက်ခန့်ရွာသွန်းနိုင်ကြောင်းနှင့်နေပြည်တော်၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း ၊ မကွေးတိုင်း ၊ ပဲခူးတိုင်း (အနောက်ပိုင်း)၊ ဧရာဝတီတိုင်း ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်အရှေ့ပိုင်း)၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် (၁)ရက်မှ (၂)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

 

ညအပူချိန်အနေဖြင့် မန္တလေးတိုင်း၊ မကွေးတိုင်း ၊ ပဲခူးတိုင်း (အနောက်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း နှင့်တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နိုဝင်ဘာလ ပျမ်းမျှအပူချိန်၏ (၁.၅)ဒီဂရီစင်တီဂရိတ်နှင့် အထက်(သို့မဟုတ်) (၃၅)ဒီဂရီဖာရင်ဟိုက်နှင့်အထက်ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း ၊ ပဲခူးတိုင်း (အရှေ့ပိုင်း)၊ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း ၊ တနင်္သာရီတိုင်း ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နိုဝင်ဘာလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်သည်ဟုဆိုသည်။

 

မြူကျဆင်းမှုအခြေအနေအဖြစ် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်(၄)ရက်မှ(၈)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း ၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၁)ရက်မှ (၃)ရက်ခန့်နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်ကြောင်းသိရသည်။

 

#Local_News #လေဖိအားနည်းရပ်ဝန်း #မနက်ပိုင်းမြူထပ်ဦးမည် #tthl #Yangon_Times