Published 20 November 2023

 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တွင်ပါတီအဖြစ် မှတ်ပုံတင်ထားသည့် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ ကို ၂၀၂၃ခုနှစ်နိုဝင်ဘာ၂၀ရက် ကစပြီး နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင် ခြင်း မှ ပယ်ဖျက် ၍ ပါတီဖျက်သိမ်းလိုက်ကြောင်း ရွေးကောက်ပွဲကော်မရှင်ကကြေညာချက်ထုတ်ပြန်လိုက်သည်။

   နိုင်ငံရေးပါတီ မှတ်ပုံတင် ခြင်း ဥပဒေ ပုဒ်မ ၅(စ)နှင့် အညီ  နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်  ၂၀၂၃ခုနှစ်  မေလ လ ၃၀ရက် မှ  ၂၀၂၃ခုနှစ်  ဩဂုတ် ၂၇ရက် အထိ  ရက်ပေါင်း ၉၀ အတွင်း  ပါတီဝင် ဦးရေ၁၀၀၀ကို  ဥပဒေ သတ်မှတ်ချက်အတိုင်း စည်းရုံးမှုမပြုနိုင်ခြင်း ပါတီဝင်အင်အား ပြည့်မှီရေး အတွက် အောက်တိုဘာ ၃၁ရက် နောက်ဆုံးထားပြီး  ပြန်လည်တင်ပြရန် အကြောင်းကြားခဲ့ပေမယ့်  သက်မှတ်ချက်နှင့် ကိုက်ညီသည့်အင်အား စာရင်းတင်ပြနိုင်ခြင်း  မရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း  ဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ (က)ပုဒ်မခွဲငယ် (၉)ပါ ပြဌာန်းချက်နဲ့ ငြိစွန်းသဖြင့်  နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခြင်းမှ ပယ်ဖျက်ပြီး ပါတီ ကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

    ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ ကို  မှတ်ပုံတင် အမှတ်(၁၉) ၃၀-၅-၂၀၂၃ရက်စွဲပါ ကြေညာချက်အမှတ် (၂၄/၂၀၂၃) ဖြင့် နိုင်ငံရေးပါတီ အဖြစ်မှတ်ပုံတင်ခွင့်ပြုခဲ့ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News