Published_ 20 November 2023

နိုဝင်ဘာလ(၂၀)ရက်မှစပြီးလာမည့်နှစ်ရက်အတွင်း စစ်ကိုင်းတိုင်း၊တနင်္သာရီတိုင်း ၊ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် ညအပူချိန်များ ဆက်လက်ကျဆင်းမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။

ထူးခြားသည့်ညအပူချိန်များအဖြစ် ဟားခါးမြို့တွင် (၈)ဒီဂရီစင်တီဂရိတ်၊ တီးတိန်မြိုနှင့် ပြင်ဦးလွင်မြိုတို့တွင် (၁၀)ဒီဂရီစင်တီဂရိတ်စီနှင့် ကျောက်မဲမြို့၊ မိုင်းယန်းမြို့၊ တွန်းဇံမြို့နှင့် မိုးကုတ်မြို့တို့တွင် (၁၂)ဒီဂရီ စင်တီ ဂရိတ်စီတို့ရှိခဲ့ပြီး ရာသီဥတုအအေးပိုခဲ့သည်။

နိုဝင်ဘာလ၂၁ရက်နေ့မနက်အထိခန့်မှန်းချက်အဖြစ် မြစ်ကြီးနားတွင် အနိမ့်ဆုံးအပူချိန် ၁၅ဒီဂရီစင်တီဂရိတ် ၊လားရှိုး၊ကျိုင်းတုံတွင် ၁၄ဒီဂရီ၊တောင်ကြီးတွင် ၁၅ဒီဂရီ၊ဟားခါးတွင်၈ဒီဂရီ၊ဟုမ္မလင်း ၁၅ဒီဂရီ၊လွိုင်ကော်တွင် ၁၉ဒီဂရီ၊ မကွေးတွင် ၂၀ဒီဂရီနဲ့အအေးပိုမည်ဖြစ်ပြီး ရန်ကုန်၊မန္တလေးနှင့်နေပြည်တော်တို့တွင် ၂၂ဒီဂရီစင်တီဂရိတ် စီရှိမည်ဖြစ်ကြောင်းသိရသည်။

မိုးရွာသွန်းမှုအခြေအနေအဖြစ် ချင်းပြည်နယ်တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း ၊ မကွေးတိုင်း ၊ တနင်္သာရီတိုင်း ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News