Published_17 Nov 2023

ကယားပြည်နယ်အတွင်း ပို့ဆောင်မည့် လက်နက်၊ ခဲယမ်းများနှင့် ပို့ဆောင်သူများအား နိုဝင်ဘာလ ၁၆ ရက် ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

လက်နက်၊ ခဲယမ်းများ သယ်ယူပို့ဆောင်ပေးနေသူမှာ ပင်လုံမြို့၊ ပန်မုန့်အုပ်စု၊ လွယ်တပ် ကျေးရွာ၊ New Power စက်သုံးဆီဆိုင်ပိုင်ရှင် ခွန်သောင်းထွန်း ဆိုသူ ဖြစ်ကြောင်း ၊ယင်းဖမ်းဆီးရမိသူ ခွန်သောင်းထွန်း၏ ထွက်ဆိုချက်အရ ပင်လုံမြို့၊ ပန်မုန့် ကျေးရွာနေ ပေတူး(ခ)မာရီယာနို ၏နေအိမ်ခြံဝင်းအတွင်းရှိ ဂိုထောင်အ ဆောက်အဦ၌ ခွန်အောင်မင်း၊ ခွန်နေမျိုး၊ ကျော်ဇင်ထွန်း၊ ခွန်အောင်ကျော်မြင့်နှင့် ခွန်အောင်ကျော်တို့ ၅ ဦးတို့ အား KNPP အဖွဲ့နှင့် PDF များထံသို့ ပို့ဆောင်မည့် လက်နက်၊ ခဲယမ်းများနှင့် အတူ ထပ်မံ ဖမ်းမိခဲ့ကြောင်း သိရသည်။

ယင်းတို့နှင့်အတူ RPG ဒုံးပစ်လောင်ချာ ၁၂ လက်၊ တရုတ် စက်လတ် ၉ လက်၊ Type-81 မောင်းပြန်ရိုင်ဖယ် ၁၀၉ လက်၊ စုစုပေါင်းလက်နက်မျိုးစုံ ၁၃၀ လက်၊ RPG ဒုံးသီး ၁၀၆ လုံး၊ အီနာဂါ ဗုံးသီး ၆၁၀၀ လုံး၊ တရုတ်ကြိုးဆွဲ လက်ပစ်ဗုံး ၁၄၂၆ လုံး၊ စုစုပေါင်း ဗုံးသီးမျိုးစုံ ၇၆၃၂ လုံး၊ ၇.၆၂ ကျည် ၁၃၆၇၀ တောင့်၊ ၁၀၇ မမ စနက်အုံ ၁၀၀ ခု၊ လက်နက်ငယ်ပြောင်း အပို ၅၀၀ ချောင်း၊ ကျည်အိမ်မျိုးစုံ ၁၈၂၉ ခု၊ TNT ယမ်း ၉၅၀ ကီလိုဂရမ်၊ အမိုနီယမ် နိုက်ထရိတ် ၂၀၀ ကီလိုဂရမ်၊ Equipment ၂၀၀၀ စုံ၊ Canter အမျိုးအစား (လိုင်စင်မဲ့) (၆)ဘီးယာဉ် ၃ စီး၊ Ford အမျိုးအစား (လိုင်စင်မဲ့) မော်တော် ယာဉ် ၁ စီးနှင့် Vigo အမျိုးအစား(လိုင်စင်မဲ့) မော်တော်ယာဉ် ၁ စီးတို့ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ယနေ့ နိုဝင်ဘာလ ၁၇ ရက် နံနက်ပိုင်းတွင် ကယား ပြည်နယ် ဘက်သို့ လက်နက်၊ ခဲယမ်းများ အဓိကပို့ဆောင်ပေးနေသည့် ထွက်ပြေး တိမ်းရှောင်နေသူ တရားခံပြေး ပေတူး(ခ)မာရီယာနို ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိတရားခံ ခွန်သောင်းထွန်းနှင့် ပေတူး(ခ)မာရီယာနိုတို့၏ ထွက်ဆိုရာတွင် ယင်းလက်နက်ခဲ ယမ်းများ ကို ကယားပြည်နယ်ရှိ KNPP အဖွဲ့နှင့် PDF များ၏ စေခိုင်းမှုဖြင့် ပင်လုံမြို့နယ်၊ ကုန်းကျောင်း ကျေးရွာသို့ လာ ရောက်ပို့ဆောင်သည့် SSPP/SSA ယူနီဖောင်း ဝတ်ဆင်ထားသူ ၁၀ ဦးထံမှ (၄)ကြိမ်ခွဲ၍ သွားရောက်သယ်ယူ ခဲ့ကြောင်း၊ ယင်းနောက် နေအိမ်ခြံဝင်းအတွင်းရှိ ဂိုထောင်အ ဆောက်အဦတွင် စုစည်းထားကာ Canter ခြောက်ဘီးယာဉ်တို့ဖြင့် ကယားပြည်နယ်ဘက်သို့ ဆက်လက်ပို့ဆောင်ရန် စီစဉ် နေစဉ် ဖမ်းဆီးခံရခြင်းဖြစ် ကြောင်း သိရသည်။
Yangon_Times/PP
#YMG #Yangon_Times #Yangon_Media_Group