Published_ 17 November 2023

ဒဂုံမြို့သစ်တောင်ပိုင်း၌ ဆောက်လုပ်ထားသည့်သုခဒဂုံအငှားအိမ်ရာ၌ နေထိုင်ခွင့်ရှိသူများကို အခန်း ၂,၀၀၀ စအပ်မည်ဖြစ်ပြီး ကျန်လျောက်ထားသူများအား ထပ်မံမဲနှိုက်ခွင့်ပြုမည် ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်)၏ပြောကြားချက်အရသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နှင့်၁၄ ရက်နေ့များ၌ စိစစ်ရွေးချယ်ထားသည့် လျှောက်ထားသူ (၆,၂၈၇) ဦးကို နှစ်သုတ်ခွဲကာ မဲနှိုက်စေခဲ့ပြီး ငှားရမ်းနေထိုင်ခွင့်ရရှိသူ ၂၀၀၀ ခန့် ထွက်ပေါ်လာခဲ့ကြောင်းသိရသည်။

'ပထမအသုတ်နဲ့ဒုတိယအသုတ်မဲပေါက်ပြီး ငှားရမ်းခွင့်ရှိသူတွေအားလုံးဟာ ဒီဇင်ဘာနဲ့ဇန်နဝါရီလတွေထဲမှာ နေထိုင်ခွင့်ပြုသွားမှာပါ၊အခု ကျန်နေတဲ့ ၄၀၀၀ ကျော်ရယ်။

လျှောက်လွှာထပ်ရောင်းရင် တက်လာမယ့် အုပ်စုရှိမယ်။ အဲ့အုပ်စုနှစ်ခုပေါင်းပြီး မဲနှိုက်ခွင့်ပြုသွားမယ်' ဟု အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်)မှ တာဝန်ရှိသူ တစ်ဉီးက ပြောသည်။

ကနဦးအနေဖြင့် နိုဝင်ဘာ ၁၃ ရက်နေ့၌ မဲနှိုက်သည့် ပထမအုပ်စုမှ အဖွဲ့ အားလုံးသည် ဒီဇင်ဘာလ ၁ ရက်မှာ နေခွင့်ရရှိမည်ဖြစ်ပြီးနိုဝင်ဘာ ၁၄ ရက်နေ့၌ မဲနှိုက်သည့် ဒုတိယအုပ်စုမှ အဖွဲ့ အားလုံးသည်၂၀၂၄ ခုနှစ် ဇန်နဝါရီလပိုင်းမှာ နေထိုင်ခွင့်ရရှိမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် အငှားအိမ်ရာများနေထိုင်ခွင့်အတွက် လျှောက်ထားသူ ၆၂၀၀ ကျော်မှ ဦးရေ ၂၀၀၀ ခန့်သာ စတင် ငှားရမ်းခွင့်ပြုထားခြင်းဖြစ်ကာ ကျန်ရှိသည့် လျှောက်ထားသူ ၄၀၀၀ ကျော်အတွက် ထပ်မံပြီးစီးမည့် အငှားတိုက် ၇၁ လုံးအတွက် ထပ်မံလျှောက်ထားခွင့်ပြုသွားမည်ဖြစ်ကြောင်းသိရသည်။

သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းကို ၂၀၂၀ ခုနှစ်မှ စတင်အကောင်အထည်ဖော်ခဲ့ပြီး လေးခန်းတွဲ ငါးထပ်အဆောက်အအုံတြွေဖစ်ကာ အခန်းပေါင်း ၄၃၅၂ ခန်း ပါဝင်ကြောင်း သိရသည်။
#Yangon_Times/NN
#Local_News
#Published_ 17 November 2023
#YMG #Yangon_Times #Yangon_Media_Group