Published 16 November 2023

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ် ရွှေညောင်ပင် ကုန်းထိပ် အနီး တွင် ယာဉ်တိုက်မှု ဖြစ်ပြီး လူညှပ် နေသဖြင့် ကယ်ထုတ်ပေးခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

နိုဝင်ဘာ ၁၆ ရက် နံနက် ၆နာရီ ၁၃ မိနစ် ခန့် က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယာဉ်တိုက်မှု ဖြစ်ကာ လူညှပ်နေကြောင်း သတင်းရရှိသဖြင့် မင်္ဂလာဒုံ မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး့ဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ် တိုက်မှု ဖြစ်ပြီး ယာဉ်ထဲတွင် ညှပ် နေသည့် အမျိုးသား ကို ၆နာရီ ၂၁ မိနစ် ခန့်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး မဇ္ဇိုမပရဟိတ အသင်း သူနာတင်ယာဉ် ဖြင့် အင်းစိန် မြို့နယ် ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယင်း လူနာ အမျိုးသားမှာ မစိုးရိမ်ရ ဒဏ်ရာ အနေထား တွင် သာ ရှိကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group