Published 15 November 2023

   ဂျပန်နိုင်ငံ ရှိ ကုမ္ပဏီ ၃၀၀ ကျော်က မြန်မာလုပ်သား ၈၀၀ ကျော် ကိုထပ်မံခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက ဒီနေ့ အသိပေးထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ ဂျပန် ကုမ္ပဏီများ က  မြန်မာလုပ်သား ခေါ်ယူရန် အတွက်  အလုပ်ကမ်းလှမ်းစာ ၃၁၃ ခု ပေးပို့ခဲ့ကာ  အမျိုးသား ၃၆၀ ကျော်နဲ့ အမျိုးသမီး ၄၆၀ ကျော်ကို ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ သံရုံးအနေဖြင့် ဂျပန်ကုမ္ပဏီများက ပေးပို့သည့် အလုပ်ကမ်းလှမ်းစာများ ကို နိုဝင်ဘာ ၁ ရက်နေ့မှ နိုဝင်ဘာ ၁၅ ရက်နေ့အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့ခြင်ူ ဖြစ်ကြောင်း သိရသည်။

    ယင်းအလုပ်ကမ်းလှမ်းစာများ ကို စိစစ်ရာမှာ ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင်​့ အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ၊ မရှိ စာရွက်စာတမ်းအထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက်များနှင့်သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သံရုံးက ထုတ်ပြန်ထားသည် ကိုဗစ်ကာလ အတွင်း ဂျပန် နိုင်ငံ မှာ အလုပ်လုပ်ကိုင်နေသည့် ပြည်ပအလုပ်သမားများနေရပ်ကို ပြန်သွားကျခြင်းကြောင့် ကိုဗစ်ကာလပြီးနောက်ပိုင်းတွင် လုပ်သားလိုအပ်ချက်ပိုများလာသည့်အတွက် မြန်မာအလုပ်သမား များ ကို ခေါ်ယူမှု မှာလည်း ယခင် ထက် ငါးဆကျော် များလာကြောင်းဂျပန် နိုင်ငံသို့ လုပ်သားပို့ဆောင်ပေးနေသည့်လိုင်စင်ရအေဂျင်စီများထံကသိရသည်။
#Yangon_Times/LW
#Local_News
#Published_ 15 November 2023
#YMG #Yangon_Times #Yangon_Media_Group