Published_ 14 November 2023

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် အားကောင်းလာကာ နိုဝင်ဘာလ (၁၅)ရက်တွင်မုန်တိုင်းငယ်ဖြစ်လာမည်ဖြစ်ပြီး မုန်တိုင်းငယ်အရှိန်ကြောင့် ရန်ကုန်နှင့်မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများမိုးထစ်ချုန်းရွာသွန်းမည်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ(၁၅)ရက်တွင်ပဲခူးတိုင်း၊ ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်း ၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်သည်ဟု ဆိုသည်။

နောက်နှစ်ရက်နိုဝင်ဘာလ(၁၆)ရက်အထိခန့်မှန်းချက်ကတော့ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း ၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲမိုးထစ် ချုန်းရွာနိုင်ကြောင်းသိရသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်တွင်နိုဝင်ဘာလ(၁၅)ရက်မနက်ပိုင်းတွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ကြောင်းနှင့် ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 14 November 2023
#YMG #Yangon_Times #Yangon_Media_Group