Published_ 14 November 2023

ရန်ကုန်မြိုပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် လိုအပ်ပါက စက်သုံးဆီများကို လိုအပ်သလို အချိန်မီ ဖြည့်ဆည်းပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

ရန်ကုန်မြိုပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် (၁၄၆) ဆိုင်ရှိသည့်အနက် အရောင်းဆိုင် အချို၌ ပုံမှန်ထက် စက်သုံးဆီဝယ်ယူမှု ပိုမိုမြင့်မားလာခဲ့တာကြောင့် စက်သုံးဆီများ ဖြည့်တင်းပေးခဲ့ရတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ် ရေးကော်မတီမှ သိရပါတယ်။

ရန်ကုန်သီလဝါ ဆိပ်ကမ်းဒေသရှိ Terminal များမှ ယင်းစက်သုံးဆီ အရောင်းဆိုင် များသို နိုဝင်ဘာ (၁၁) ရက်တွင် ဆီတင်ယာဉ် (၃၃၄) စီးဖြင့် 92 Ron ဂါလန်လေးသိန်း ကျော်၊ 95 Ron ဂါလန်တစ်သိန်းကျော်၊ ဒီဇယ်ဆီ ဂါလန် တစ်သိန်းခုနစ်သောင်းကျော်နှင့် ပရီမီယမ်ဒီဇယ်ဆီ ဂါလန်နှစ်သိန်းခုနစ်သောင်းကျော် ဖြည့်တင်းပေးခဲ့ပါတယ်။

နိုဝင်ဘာ ၁၂ ရက်မှာတော့ ဆီတင်ယာဉ် (၂၆၈) စီး ဖြင့် 92 Ron ဂါလန် သုံးသိန်း ကျော်၊ 95 Ron ဂါလန် ခုနစ်သောင်းခွဲကျော်၊ ဒီဇယ်ဆီ ဂါလန်တစ်သိန်းလေးသောင်းကျော်၊ ပရီမီယမ်ဒီဇယ်ဆီ ဂါလန်နှစ်သိန်းသုံးသောင်းကျော် ဖြည့်တင်းပေးခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၃ ရက်မှစ၍ ယင်းအရောင်းဆိုင်မျာ၌ စက်သုံးဆီလာရောက် ဝယ်ယူမှုမှာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာပြီး လိုအပ်သော စက်သုံးဆီများကို လိုအပ်သလို ဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။
#ymg_mnn #Yangon_Times
#Local_News
#Published_ 14 November 2023
#YMG #Yangon_Times #Yangon_Media_Group