#Local_News
Published 11 November 2023


ပြည်ပသို့ အလုပ်သမား တရားဝင်စေလွှတ်ပေးနေသည့် အေဂျင်စီများ အနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း စေလွှတ်ခဲ့သည့် အလုပ်သမားဦးရေ စာရင်းကို ဝန်ကြီးဌာနသို့ တင်ပြ ခြင်းမရှိတာကြောင့် သတိပေးရာတွင် ၃ကြိမ် ကျော်လွန်ပါက အရေးယူမှုစတင်မည်ဖြစ်ကြောင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။

 

အေဂျင်စီများ အနေဖြင့် မိမိတို့စေလွှတ်ခဲ့သည့် အလုပ်သမားများ၏ စာရင်းများကို လအလိုက် လဆန်း ၅ရက်နေ့တွင် ဝန်ကြီးဌာနသို့ပေးပို့ရမည်ဖြစ်သော်လည်း စာရင်းပေးပို့ရန် ကျန်ရှိသည့် အေဂျင်စီ ၄၀ ခုကို နိုဝင်ဘာ ၈ရက်တွင် နောက်ဆုံးထားပေးပို့ရန် ကြေညာခဲ့ပေမယ့် မပေးပို့သေးသည့်အေဂျင်စီများ ရှိနေသေးသောကြောင့် ယခုကဲ့သို့ထပ်မံထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်း သိရသည်။

 

လက်ရှိအချိန်ထိစေလွှတ် စာရင်းမပေးပို့သေးသည့် အေဂျင်စီ ၃၂ ခုကို သတိပေးသည့် အကြိမ်ရေ တစ်ကြိမ်မှနှစ်ကြိမ်ထိရှိနေပြီး သတိပေးမှုသုံးကြိမ်ထက်ကျော်လွန်ပါက အရေးယူမှု စတင်မည် ဖြစ်ကြောင်း သိရသည်။

 

ပြည်ပနိုင်ငံများသို့ တရားဝင်အလုပ်သမားစေလွှတ်နိုင်သည့် လိုင်စင်ရအေဂျင်စီ ၅၀၀ခန့်ရှိပြီး လစဉ်နိုင်ငံအလိုက် စေလွှတ်စာရင်းများကို အပြစ်ရှိသောကြောင့် ယာယီလိုင်စင်ပိတ်ခံထားရသည့် အေဂျင်စီများလဲ စေလွှတ်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ အခြေနေကိုတင်ပြရမည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #အေဂျင်စီ #စေလွှတ်စာရင်းတင်ပြ #YMG/LW #Yangon_Times