Published_ 6 November 2023

  မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် Michael Feichtenbeiner သည် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့် ပွဲစဉ်များ ယှဉ်ပြိုင်ကစားမည့် ပဏာမ မြန်မာ့လက်ရွေးစင် အသင်းလူစာရင်းအား ထုတ်ပြန်ကြေညာခဲ့ပါတယ်။

  ပြည်တွင်းပြည်ပ ကလပ်အသင်းများမှ ကစားသမား ၂၉ ဦးပါဝင်သည့် အဆိုပါ စာရင်းတွင် ဒဏ်ရာကြောင့် နောက်တန်းလူ စိုးမိုးကျော် (ဖနွမ်းပင်ခရောင်း၊ ကမ္ဘောဒီးယား)နှင့် ကစားသမားအချို့ပါဝင်နိုင်ခြင်း မရှိပေ။

  လက်ရှိရွေးချယ်ထားသော ကစားသမားများ အနေဖြင့် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းနှင့် လေ့ကျင့်ရေး ကွင်း(၁)တို့တွင် ယနေ့ နိုဝင်ဘာ ၆ ရက်မှ စတင်ကာ လေ့ကျင့်မှုများ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

  လေ့ကျင့်မှုများ ပြီးဆုံးသည်နှင့် အပြီးသတ် ကစားသမားစာရင်း ဆက်လက် ရွေးချယ်ကာ နိုဝင်ဘာ ၁၃ ရက်တွင် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအကျော့ ပွဲစဉ်များအနက် ပထမဆုံး ပွဲစဉ်ဖြစ်သည့် ဂျပန်နှင့်မြန်မာ ပွဲစဉ်အား ယှဉ်ပြိုင်ရန် ဂျပန်နိုင်ငံ အိုဆာကာမြို့သို့ ထွက်ခွာမှာ ဖြစ်ပါတယ်။

  မြန်မာ့လက်ရွေးစင် အသင်းသည် ဂျပန်နှင့်ပွဲစဉ်အား ယှဉ်ပြိုင်ကစားပြီးနောက် နိုဝင်ဘာ ၂၁ ရက်နေ့တွင် ဒုတိယမြောက်ပွဲစဉ်အဖြစ် မြောက်ကိုရီးယား အသင်းနှင့် ရန်ကုန်မြို့တွင် ဆက်လက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
ymg_mnn
#Yangon_Media_Group
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group