6 November 2023

ဗီယက်နမ်နိုင်ငံရောက် မြန်မာနိုင်ငံသားများကို ဥပဒေအရ ကာကွယ်စောင့်ရှောက်မှုများဆောင်ရွက်ပေးနိုင်ရန် အတွက် ဗီယက်နမ်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့ရောက်ရှိနေထိုင်လျက်ရှိကြောင်း သတင်းပေးပို့ကြရန် ဗီယက်နမ်နိုင်ငံ၊ ဟနွိင်းမြို အခြေစိုက် မြန်မာသံရုံးက ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါမေတ္တာရပ်ခံပန်ကြားချက်တွင်

၁။ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ မြန်မာသံရုံးအနေဖြင့် ရေလုပ်သားများကယ်ဆယ်ရေး၊ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေး၊ လူကုန်ကူးခံရသူများအား သက်ဆိုင်ရာနိုင်ငံနှင့်ညှိနှိုင်း၍ နေရပ်သို့ ပြန်လည်ပို့ဆောင်ရေး အပါအဝင် မြန်မာနိုင်ငံသားများအား ဥပဒေအရ ကာကွယ်စောင့်ရှောက်မှုများ ဆောင်ရွက်ပေးရာတွင် နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းစဉ်အားကနဦး ဆောင်ရွက်ရကြောင်း၊အဆိုပါ ကောင်စစ်ဆိုင်ရာလုပ်ငန်းစဉ်များသည် လချီကြာရှည်တတ်သောကြောင့် ဗီယက်နမ်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ဗီယက်နမ်နိုင်ငံအတွင်း ရောက်ရှိနေထိုင်လျက်ရှိကြောင်းကို မြန်မာသံရုံး သို့သတင်းပေးပို့ထားပါက ဥပဒေအရ ကာကွယ်စောင့်ရှောက်မှုပေးရာတွင် ကောင်စစ်ဆိုင်ရာလုပ်ငန်း များဆောင်ရွက်ချိန်၌ အချိန်တိုအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံသားများအား ဥပဒေပိုင်းဆိုင်ရာအကာအကွယ်ပေးရေးနှင့် အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးတို့ကို ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊

၂။ သို့ဖြစ်ပါ၍ မြန်မာသံရုံးအနေဖြင့် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားကို ဥပဒေအရအပြည့်အဝ ကာကွယ်ပေးနိုင်ရေးဆောင်ရွက်ရာတွင် အချိန်တိုအတွင်း ထိရောက်မြန်ဆန်စွာ ဆောင်နိုင်ရန်အတွက် ဗီယက်နမ်နိုင်ငံအတွင်း ရောက်ရှိနေထိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ဗီယက်နမ်နိုင်ငံတွင် မိမိတို့ရောက်ရှိနေထိုင်လျက်ရှိကြောင်းကို မြန်မာသံရုံးသို့ သတင်းပေးပို့ထားပါရန် မေတ္တာ ရပ်ခံလိုပါကြောင်းနှင့် သတင်းပေးပို့လိုပါက မြန်မာသံရုံး၊ ကောင်စစ်ဌာန၏မေးလ်ဖြစ်သည့် This email address is being protected from spambots. You need JavaScript enabled to view it. သို့ ပူးတွဲပါပုံစံအားဖြည့်စွက်၍ ဆက်သွယ် သတင်းပေးပို့နိုင်ပါကြောင်း အသိပေးပန်ကြားကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြပါရှိသည်။
#Yangon_Times/tthl
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group