Published_ 06 November 2023

မြန်မာနိုင်ငံသားများအနေဖြင့် အမေရိကန်နိုင်ငံ၏ ဖူးလ်ဘရိုက်ပညာသင်ဆုအစီအစဉ်ကို နိုဝင်ဘာလ(၃၀)ရက် နောက်ဆုံးထားပြီး လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံး၏ထုတ်ပြန်ချက်အရသိရသည်။

အမေရိကန်ပြည်ထောင်စုတွင် သုတေသနပြုလုပ်ရန် စိတ်ကူးရှိသူများပါဝင်လျှောက်ထားနိုင်မည်ဖြစ်ပြီး ၂၀၂၄ ဖူးလ်ဘရိုက်ပညာသင်ဆုအစီအစဉ်၏ အမေရိကန်-အာဆီယံ ဧည့်ပညာရှင်ပညာသင်ဆုအစီအစဉ် (Fulbright U.S.-ASEAN Visiting Scholar Program)၌ပါဝင်နိုင်မည်ဖြစ်သည်။

ယင်းအစီအစဉ်တွင် အကြံပေးအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သည့်အဖွဲ့အစည်း (NGO)များထဲမှ ဝန်ထမ်းများ နှင့် ပုဂ္ဂလိကကဏ္ဍထဲမှ ကျွမ်းကျင်ပညာရှင်များအတွက် ၂၀၂၅ နွေဦးကာလတွင် အမေရိကန်ပြည်ထောင်စုတွင် ၃-၄လလောက် ဘာသာရပ်ဆိုင်ရာနှင့် သက်မွေးပညာရပ်ဆိုင်ရာ သုတေတနနှင့်ဟောပြောပို့ချမှုများလုပ်နိုင်မည့် အခွင့်အလမ်းတစ်ခုကြောင်းဖော်ပြထားသည်။

ဧည့်ဟောပြောပို့ချမှုများ၊ ဆွေးနွေးပွဲများ သို့မဟုတ် ပညာရေးနှင့် လုပ်ငန်းခွင်ဆိုင်ရာ ညီလာခံများမှ တစ်ဆင့် အာဆီယံ အတွေးအမြင်များကို ပေးအပ်နိုင်မည့် အခွင့်အလမ်းတစ်ခုလည်းဖြစ်ကြောင်းနှင့် ယင်း ဖူးလ်ဘရိုက် ပညာသင်ဆုအစီအစဉ်၏ အမေရိကန်-အာဆီယံ ဧည့်ပညာရှင်ပညာသင်ဆုအစီအစဉ်နှင့် လျှောက်လွှာတင်ရန် ညွှန်ကြားချက်များအကြောင်း အသေးစိတ်ကို သံရုံးစာမျက်နှာ https://mm.usembassy.gov/education/ scholarship-programs/၌လေ့လာနိုင်ကြောင်း သိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group