Published_06 November 2023
 
ရွှေတုံးနှင့်နိုင်ငံခြားငွေ အပါအဝင် တရားမဝင်လူသုံးကုန် ၊ဆေးဝါးများ၊ ယာဉ်အပိုပစ္စည်းများနှင့် မော်တော် ယာဉ်များ ဖမ်းမိခဲ့ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီက သိရသည်။
 
နိုဝင်ဘာလ ၃ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာမြိတ်မြို့၊ ထားဝယ်စုရပ်ကွက်၊ ရွှေနန်း တော်မုန့်တိုက်အရှေ့၊ နဝရတ်လမ်းသွယ်အနီး၌ စုပုံထားသော အကောက်ခွန်မဲ့ပစ္စည်းများ ဖြစ်သည့် 888 Playing Cards ဖဲချပ် (၄၆၀၈)ထုပ် အပါအဝင် ကုန်ပစ္စည်း(၂)မျိုး စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၇,၂၈၉,၆၀၀) ၊ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၁)လုံးအတွင်းမှ သွင်းကုန် လိုင်စင် တင်ပြနိုင်ခြင်းမရှိသည့် Wellman အားဆေး (၁၀၀၈၀)ဘူး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၈၉,၁၅၉,၇၃၄) ကို ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
အလားတူ နိုဝင်ဘာလ ၄ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ်(သွင်းကုန်)၌  ခရီးသည် (၃)ဦး၏ ဝန်စည်များအတွင်းမှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် iPhone 15 ProMax (၂၅၉)လုံး၊ အမေရိကန်ဒေါ်လာ (၁၀၀)တန်ဟု ယူဆရသော နိုင်ငံခြားငွေ (၁၂၀၀၀၀)ဒေါ်လာနှင့် Gold 999.9 1 Kilo စာတန်းပါ ရွှေဟု ယူဆရသော အတုံး (၁၆တုံး) (၁၆)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၉၄၆,၅၀၀,၀၀၀)ကို စုစုပေါင်း (ခန့်မှန်းတန်ဖိုး‌ငွေကျပ် ၄,၂၃၅,၆၅၉,၇၃၄)၊ဝေါမြို့နယ်၊ သပြေကန်ရွာအနီး၌ ကျိုက်ထိုမြို့မှ ဒိုက်ဦးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Prawn Hornet စားအုန်းဆီ (၅၄၀၀)လီတာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့်  Yutong Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ဘုရားကြီးမြို့၊ ကသစ်ဝိုင် ဓမ္မရိပ်သာအနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် MAXTIRES ကားတာယာ (၁၈)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Tractor Head (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၃,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
 
နိုဝင်ဘာလ ၃ ရက်နှင့် ၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၂)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၃၆၅,၉၄၉,၃၃၄) ဖြစ်ပြီး ယင်းကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိကြောင်းတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီက သိရသည်။
#Yangon_Times/PP
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group