၄ နိုဝင်ဘာ ၂၀၂၃

ရုရှားတပ်မတော်နှင့် မြန်မာ့တပ်မတော်အကြား နှစ်နိုင်ငံချစ်ကြည်ရေး နှစ်နိုင်ငံတပ်မတော် ယဉ်ကျေးမှုအဖွဲ့များ ပူးပေါင်းဖျော်ဖြေပွဲကို နိုဝင်ဘာ ၄ရက်မနက်က ကျင်းပရာ နစက ဥက္ကဋ္ဌ ၊တပ်မတော်ကာကွယ်ရေးဦီးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV နှင့်ရုရှားရေတပ်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်တွေ တက်ရေက်အား  ပေးခဲ့ကြတယ်လို့သိရပါတယ်။

မြန်မာ့တပ်မတော်ယဉ်ကျေးမှု အဖွဲ့နှင့်ရုရှားရေတပ်သံစုံတီးဝိုင်းအဖွဲ့တို့က  နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၊ သဘင်ဆောင်၌ ဖျော်ဖြေတင်ဆက်ခဲ့ကြတာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဖျော်ဖြေပွဲအခမ်းအနားတွင်  ရုရှားရေတပ်သံစုံတီးဝိုင်းအဖွဲ့က ရုရှားသီချင်းများ၊ အကအလှများ အပါအဝင် မြန်မာတေးသီချင်းကိုလည်းကောင်း၊ မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့ ၊ မြဝတီ တေးဂီတအဖွဲ့က “ဆန်းသစ်လှပ ပုဂံယိမ်းအက” အပါအဝင် ရုရှားတေးသီချင်းဖြစ်သည့် “Katyusha” သီချင်းနှင့် “Kalinka” တေးသီချင်း တို့အား မြန်မာ့ရိုးရာတူရိယာ ပစ္စည်း များဖြစ်သည့် မြန်မာ့ဆိုင်းဝိုင်းကြီးနှင့် မြိုင်ဆိုင်စွာတီးခတ်ပြီး ရုရှားအကများဖြင့် လည်းကောင်း၊ ရုရှားတေးသီးချင်းဖြစ်သည့် “Ar Thi Na Si Me Yar” ကို သီဆို၍လည်းကောင်း အသီးသီးဖျော်ဖြေတင်ဆက်ခဲ့ကြတာဖြစ်ပါတယ်။

ဖျော်ဖြေမှုများအပြီးတွင် ဗိုလ်ချုပ်မှူးကြီးနှင့်ဇနီးတို့က ရုရှားရေတပ်သံစုံတီးဝိုင်းအဖွဲ့အား ဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်ခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဦးစီးချုပ်က မြန်မာ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့အား ဂုဏ်ပြုပန်းခြင်းပေးအပ်ချီးမြှင့်ခဲ့ကြတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

-ymg/knl