Published_04 November 2023

ထိုင်းနိုင်ငံ တွင် အလုပ်လုပ်ကိုင်ရန် အတွင် တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၁၂ဦးအဖမ်းခံကြောင်း ထိုင်းသတင်းဌာန များ၏ ဖေါ်ပြချက်အရ သိရသည်။

နိုဝင်ဘာ ၃ရက် ပထုံဌာနီခရိုင် နောင်စူယာမြို့နယ်၊ ဘှုန်ကာစမ်ကျေးရွာ အနီး တွင် မောင်းနှင်လာသော ပစ်ကပ်ကား နောက်ခန်းတွင် မြန်မာနိုင်ငံသားများ စီးနင်းလိုက်ပါသည်ကိုတွေ့ရှိသဖြင့် ထိုင်းရဲတပ်ဖွဲ့မှ တားဆီးစစ်ဆေးခဲ့ရာမှ နေထိုင် ခွင့် အထောက်အထားများ ပြသခိုင်းရာတွင် မပြနိုင်သောကြောင့် အဖမ်းခံရကြောင်း သိရသည်။

'' ထိုင်းကို အောက်လမ်းကနေ လာလို့ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေ မနည်းတော့ဘူး၊မကြာမကြာ ကြားနေရတယ်၊ပြည်တွင်း မှာက စားဝတ်နေရေးကြပ်တည်းတော့ ပြည်ပ ကို ထွက်တာများလာတယ်၊တကယ်လို့ ပြည်ပ ကို လာရင်လဲ တရားဝင်ပဲ လာစေချင်တယ်၊အခုလိုတရားမဝင်လာလို့ အဖမ်းခံရရင် ဒုက္ခပေါ် ဒုက္ခ ဆင့်သလို ဖြစ်နေမယ်''ဟု ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးကပြောသည်။

ယခု အဖမ်းခံရသည့် မြန်မာနိုင်ငံသား များ ကိုထိုင်းနိုင်ငံသားယာဉ်မောင်းဖြစ်သူက တစ်ဦးလျှင်
ကားခ ဘတ်ငွေ (၁၅၀၀၀) ရရှိသဖြင့် တာ့က်ခရိုင်၊ ဝမ်ကျောက်မြို့နယ်မှ ကားဖြင့်တင်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ မြန်မာလုပ်သား ၁၂ ဦးနှင့် ၎င်းတို့အား ကားဖြင့်တင်ဆောင်လာသူ ထိုင်းနိုင်ငံသား ယာဉ်မောင်းတို့အား ထိုင်းနိုင်ငံ၊ ဥပဒေအရအရေးယူဆောင်နိုင်ရန် သက်ဆိုင်ရာနယ်မြေရဲစခန်းကိုပို့ဆောင်ထားကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 04 November 2023
#YMG #Yangon_Times #Yangon_Media_Group