Published_ 01 November 2023

ရှမ်းပြည်နယ်အရှေ့ပိုင်း၊တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေတက်လာသည့်အတွက် အောက်တိုဘာလ ၃၁ရက်က ရပ်ကွက်များအတွင်း ရေများကြီးခဲ့ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ၁ရက်တွင် တာချီလိတ်၌မိုးသည်းထန်မှု၊မိုးရွာသွန်းမရှိတော့ဘဲ မိုးပြတ်သွားသည့်အတွက် ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သည်ဟုဆိုသည်။

‘‘တာချီလိတ်မှာလတ်တလောတော့ အခြေအနေကောင်းတယ်။ရေတွေပြန်ကျသွားပါပြီ။ရေလုံးဝမရှိတော့ ဘူး။ဟိုတစ်နေ့ကပဲရေကရှိလာတာ။မိုးကဆက်မလိုက်လာဘူး။လောလောဆယ်တော့ရေတွေပြန်ကျသွားပြီ’’ဟု တာချီလိတ်အခြေစိုက် ဦးလှမိုးလူမှုကူညီမှုအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

အောက်တိုဘာလ၃၁ရက်ညပိုင်းတုန်းက တာချီလိတ်-မယ်ဆိုင်ဘက်တွင် မိုးများထပ်မဲလာပြီး ရေကြီးခြင်းကို စိုးရိမ်ခဲ့ရသော်လည်း နိုဝင်ဘာလ၁ရက်တွင်ပြန်ကျခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်တောင်ပိုင်းနှင့်အရှေ့ပိုင်းတို့မှာ နိုဝင်ဘာလအတွင်းမိုးရွာသွန်းရန်ရှိနေပြီး ရွာသွန်းမြဲထက်ပိုနိုင် ကြောင်းကိုမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသတိပေးထားကြောင်းသိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 01 November 2023
#YMG #Yangon_Times #Yangon_Media_Group