Published 1 November 2023

ရှမ်းပြည်နယ် လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် နေအိမ်မီးလောင်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရသိရသည်။

   အောက်တိုဘာ ၃၁ရက် ည ၇နာရီ ၅၅မိနစ်ခန့်က ပင်လုံမြို့ အမှတ်၂ရပ်ကွက် ရွှေပြည်သာရပ် ရေထွက် လမ်းရှိ နေအိမ် မီးလောင်မှု ဖြစ်ခဲ့ကြောင်း သိရသည်။

  ယင်းမီးလောင်မှု သတင်းရရှိတာကြောင့် လွိုင်လင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ် (၁)စီး၊ မီးသတ်စက်ယာဉ် (၁)စီး၊ ပင်လုံနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၈နာရီ  ၃၀ မိနစ် တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

   အဆိုပါ ဖြစ်စဉ်ကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်သေဆုံးခဲ့ပြီး ပင်လုံမြို့နယ် တိုက်နယ်ဆေးရုံ ကိုပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
Yangon_Times/LW
#Local_News
#Published -1 Nov 2023
#YMG #Yangon_Times #Yangon_Media_Group