#Local_News
Published 29 October 2023


ရန်ကုန်-နေပြည်တော် အမြန်လမ်း ၁၅မိုင် ၇ဖာလုံရှိ ရွှေပြည်အေးဘုရားကြီး သို့ သီတင်းကျွတ် လပြည့်နေ့ တွင် လာရောက်သည့် ဘုရားဖူးများစည်ကားလျက်ရှိကြောင်းတွေ့ရသည်။

 

အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး ဧည့်သည်များက မော်တော်ယာဉ်များ ဆိုင်ကယ်များ ဖြင့် လာရောက် ကြပြီး ဘုရားရင်ပြင်နှင့် ဈေးဆိုင်တန်းများတွင် စည်ကားလျက်ရှိသည်။

 

အဆိုပါ အောင်သုခရွှေပြည်အေးဓမ္မရိပ်သာအတွင်းတွင်တည်ထားကိုးကွယ်ထားသောရွှေပြည်အေးဘုရားကြီးသည်ဥာဏ်တော်အမြင့်(၁၄၄)ပေရှိကြောင်း သိရသည်။

 

#Local_News #သီတင်းကျွတ်လပြည့်နေ့ #YMG/LW #Yangon_Times