#Local_News
Published_ 28 October 2023


မြန်မာနိုင်ငံရှိ နိုင်ငံပိုင်နှင့် ပုဂ္ဂလိက ဆေးဝါးစက်ရုံများက နိုင်ငံ၏ဆေးဝါး လိုအပ်ချက်များရဲ့ ၁၅ ရာခိုင်နှုန်းသာ ဖြည့်ဆည်းပေးနိုင်တယ်လို့ စက်မှုဝန်ကြီးဌာနဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားခဲ့ပါတယ်။

 

ထို့ကြောင့် ဆေးဝါးများပိုမိုထုတ်လုပ်နိုင်ရေးအတွက် ဆေးဝါးအင်ဂျင်နီယာ ပညာရပ်သင်တန်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်း အောက်တိုဘာ ၂၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ(အင်းစိန်)၌ ဆေးဝါးအင်ဂျင်နီယာ ပညာရပ်အရာရှိအဆင့်သင်တန်း သင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့ပါတယ်။

 

သင်တန်းတွင် စက်မှုဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ အသိအမှတ်ပြုအင်ဂျင်နီယာပညာရှင်များက ၎င်းတို့၏ လုပ်ငန်းခွင်နယ်ပယ်အတွေ့အကြုံ၊ ပညာရပ်များကို သင်ကြားပို့ချပေးပြီးဖြစ်၍ ဆေးဝါးထုတ်လုပ်တဲ့ လုပ်ငန်းများကို ပိုမိုသိရှိလာမယ်လို့ ဆိုပါတယ်။

 

လုပ်ငန်းများဆောင်ရွက်နေတဲ့ ပညာရှင်များအနေဖြင့် နားလည်တတ်ကျွမ်းတဲ့ နယ်ပယ်အတွင်း၌ ကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမယ်လို့လည်း ဝန်ကြီးကပြောကြားခဲ့ပါသေးတယ်။

 

#Local_News #ပုဂ္ဂလိကဆေးဝါးစက်ရုံများ #ဆေးဝါးလိုအပ်ချက်
#ymg_mnn #Yangon_Media_Group