#Local_News
Published -27 October 2023


မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ အမှတ်(၉)ကျောင်းလမ်းရှိ အမှတ်(၉)အခြေခံ အထက်တန်း ကျောင်း မီးလောင်မှုဖြစ်စဉ်မှ သံသယရှိသူ အမျိုးသမီးတစ်ဦးအား ဖမ်းမိထားကြောင်း နစက သတင်းထုတ်ပြန် ရေး အဖွဲ့က ထုတ်ပြန်လိုက်သည်။

 

အောက်တိုဘာလ ၂၅ ရက်၊ နံနက် ၃ နာရီ မိနစ် ၄၀ တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် အလျား ၉၅ ပေ၊ အနံ ၃၀ ပေရှိ သွပ်မိုး၊ အုတ်ခံ၊ ပျဉ်ထောင် ၂ ထပ်ကျောင်းဆောင် အဆောက်အဦ ၁ လုံးနှင့် အလျား ၄၀ ပေ၊ အနံ ၃၀ ပေရှိ RC J ထပ် သင်ထောက်ကူအဆောက်အဦ ၁ လုံးတို့ မီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးငွေကျပ် ကိုးဆယ့်သုံးသိန်းခုနှစ်သောင်းငါးထောင်ကျပ်ခန့် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သံသယဖြစ်ဖွယ် အမျိုးသမီးတစ်ဦးအား စစ်ဆေးလျက်ရှိကြောင်း၊ မီးလောင်မှုကြောင့် ပျက်စီးသွားသော အဆောက်အဦများကို ပြန်လည်ပြုပြင်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် ကျောင်းသူ၊ ကျောင်းသားများအား ကျောင်းပြန်လည်ဖွင့်ချိန်တွင် နှစ်သုတ်တက် စနစ်ဖြင့် အရှိန်မပျက်ပညာသင်ကြားနိုင်ရေး စီစဉ်ထားကြောင်း သိရသည်။

 

#Local_News #မော်လမြိုင်မြို့ #အမျိုးသမီးတစ်ဦးအားဖမ်းမိ #Yangon_Times/PP