#Local_News
Published-25 October 2023

မြန်မာနိုင်ငံမှ ရာသီချိန်အလုပ်သမားများခေါ်ယူမည့် သတင်းမှာ မှန်ကန်မှုမရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံရုံးက အသိပေးထုတ်ပြန်ထားသည်။

 

Facebook လူမှုကွန်ရက်ပေါ်တွင် တစ်နှစ်လျှင် ရှစ်လကြာအလုပ်လုပ်ကိုင်ရမည့် ရာသီချိန်‌အလုပ်သမား ခေါ်ယူမည်ဆိုသည့် သတင်းနှင့်ပတ်သက်သည့် စာရွက်စာတမ်းများသည် တောင်ကိုရီးယားအစိုးရနှင့်မသက်ဆိုင်သည့်အပြင် ရာသီချိန်အလုပ်သမားများနှင့် ပတ်သက်သော တစ်စုံတရာ ထုတ်ပြန်ကြေညာထားခြင်း မရှိကြောင်း အောက်တိုဘာလ ၂၃ ရက်တွင် တောင်ကိုရီးယားသံရုံးက တရားဝင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

#Local_News #ရာသီချိန်အလုပ်သမားများခေါ်ယူ #တောင်ကိုရီးယားသံရုံးထုတ်ပြန်
#Yangon_Times/PP