Published 18 October 2023

အောက်တိုဘာ ၁၆ ရက်က ထွက်ရှိတဲ့ ထိုင်းထီ ပထမ အမြင့်ဆုံးဆုကို ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာအလုပ်သမား လူငယ်လေးတစ်ဦး ဆွတ်ခူး ရရှိခဲ့ကြောင်း ထိုင်းနိုင်ငံရှိမြန်မာအလုပ်သမားအရေးကူညီ ဆောင်ရွက်ပေးသူထံ က သိရသည်။

ထိုင်းထီ မှာ တစ်လ လျှင် နှစ်ကြိမ် ထွက်ရှိပြီး ပြီးခဲ့သည့် အောက်တိုဘာ ၁ရက် က ထွက်ရှိသည့် ထိုင်းထီ ပထမဆု ဘတ်ခြောက်သန်း ကို လည်း ထိုင်း-လာအို နယ်စပ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ဇနီးမောင်နှံ တို့ ရရှိခဲ့ ကြောင်း သိရသည်။

''အခု အကြိမ် လည်း မြန်မာလူမျိုး ပဲ ပေါက်တာ အသက် ၂၆နှစ်ပဲ ရှိသေးတယ် ကောင်လေး က မဟာချိုင် မှာရှိတဲ့ အချိုရည် စက်ရုံ မှာအလုပ်လုပ်နေတဲ့ အလုပ်သမား တစ်ဦးပါ ''ဟု ထိုင်းရောက် မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

ယခုအကြိမ် ထိုင်းထီ ပထမ ဆု ဘတ်ခြောက်သန်း ရရှိသည့် မြန်မာနိုင်ငံသား မှာ ပဲခူးတိုင်းဇာတိ ဖြစ်ပြီး မိဘများ ကို လုပ်ကျွေးနေသူ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပထမ ဆု ဆွတ်ခူး ရရှိသည့် မြန်မာအလုပ်သမား မှ ဆုငွေ ထုတ် ယူရန် အတွက် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားအရေးကူညီဆောင်ရွက် ပေးသူများက လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 18 October 2023
#YMG #Yangon_Times #Yangon_Media_Group