Published 18 October 2023

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ် (အရှေ့ပိုင်း) ကစင်ကျေးရွာ အနီး လှိုင်မြစ် အတွင်းရေဆင်းကူးရာမှ လူငယ်တစ်ဦး ရေနစ်သေဆုံမှု ဖြစ်ပွားခဲ့ကြောင်း မေတ္တာပါရမီအသင်း(လှိုင်သာယာ) ထံ မှ သိရသည်။

အောက်တိုဘာ ၁၆ ရက် နေ့လည် ပိုင်း ကစင်ကျေးရွာ ၊ကစင် ဘုန်းတော်ကြီးကျောင်း အနီး လှိုင်မြစ် ကမ်း တွင် လူငယ် သုံးဦး ရေဆင်း ကူးရာမှ တစ်ဦးမှာ ရေနစ်ပျောက်ဆုံး သွားတာကြောင့် လူမှုကူညီရေး အသင်းများ ထံ အကူ ညီတောင်းလာ သဖြင့် ရှာဖွေပေးခဲ့ရာ အောက်တိုဘာ ၁၇ ရက် ညနေ ၄နာရီ တွင် ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရသည်။

'' ၁၅နှစ် ၁၆ နှစ် ဝန်းကျင် ရှိတဲ့ ကလေးသုံးယောက် လှိုင်မြစ် ထဲ ရေဆင်းကူးကျတာ တစ်ယောက်ကရေနစ် သွားလို့ဆို ပြီး ကျွန်တော်တို့ အသင်း ကို ၁၆ရက်နေ့ ညနေ ၄နာရီ လောက် အကူညီတောင်း လာတယ် အဲ့နေ့ ညနေ ကတည်း က ရှာတာ မတွေ့ဘူး ၁၇ ရက် နေ့ ညနေ ပိုင်းလောက်မှာ ယခင် ကမ်း ပျိုပြီး စေတီ ပါသွားတဲ့ နေရာမှာအလောင်း ပြန်တွေ့တယ် ''ဟုမေတ္တာပါရမီအသင်း(လှိုင်သာယာ) မှ ကိုအောင်ခိုင် က ပြောသည်။

ရေနစ်သေဆုံးခဲ့သည့် လူငယ်မှာ အသက် ၁၆ နှစ် ရှိပြီ ဖြစ်ပြီး လှိုင်သာယာ အရှေ့ပိုင်း မြို့နယ်ကစင်ကျေးရွာ တွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 18 October 2023
#YMG #Yangon_Times #Yangon_Media_Group