#Local_News
Published 15 October 2023


ရန်ကုန်-မန္တလေး အမြန်လမ်းတွင် မိုးရွာသဖြင့် ခရီးသည်တင်ယာဉ် Express တစ်စီး လမ်းချော်ကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။

 

ယနေ့ အောက်တိုဘာလ ၁၅ရက် မနက် ၈နာရီ ၂၀မိနစ်အချိန်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးရှိ မိုင်တိုင် ၃၅၂/၁နဲ့ ၃၅၂/၂ကြားမှာ ရန်ကုန်ကနေ မန္တလေးသို့ မောင်းနှင်လာသည့် ခရီးသည်တင် Express ယာဉ်သည် မိုးရွာတာကြောင့် လမ်းချော်ပြီး လမ်းယာဘက်သို့ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

 

Express ယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် စကားအင်းအမြန်လမ်းမီးသတ်စခန်းမှ  ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

 

အဆိုပါ Express ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်စဉ်အတွင်း လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

 

#Local_News #ရန်ကုန်-မန္တလေး #လမ်းချော်ကာ တိမ်းမှောက်  #YMG/NN