#Local_News
Published - 15 Oct 2023


စစ်တောင်းမြစ်ရေသည် တောင်ငူမြို့၏စိုးရိမ်ရေအမှတ်ကိုရောက်ရှိနေပြီး ဆက်လက်မြင့်တတ်လာနိုင်ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကသတိပေးထုတ်ပြန်သည်။

 

အောက်တိုဘာ ၁၅ ရက် နံနက် ၆ နာရီခွဲ တိုင်းတာချက်အရ စစ်တောင်းမြစ်ရေသည်တောင်ငူမြို့၏ စိုးရိမ်ရေမှတ်ကိုရောက်ရှိနေပြီးလာမည့် ၂၄နာရီအတွင်း စိုးရိမ်ရေအမှတ်ထက် ၂လက်မ ခန့်ပိုမြင့်လာမည်ဟု ထုတ်ပြန်ထားသည်။

 

ထို့ကြောင့် တောင်ငူမြို့နယ် အတွင်းရှိမြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့်အထူးသတိပြုနေထိုင်ကြရန် အတွက် အကြံပြုထားသည်။

 

ပြီးခဲ့သည့် တပတ်က စံချိန်တင်မြင့်တတ်ခဲ့သည့် ပဲခူးမြစ်ရေသည် ယနေ့နံနက်တိုင်းတာချက်အရ စိုးရိမ်ရေမှတ်အောက် ၉၀ စင်တီမီတာလျော့ကျလာကြောင်း သိရသည်။

 

#Local_News #စိုးရိမ်ရေမှတ်ကိုရောက်ရှိ #မိုးဇလသတိပေး #YMG/NN