#Local_News
Published_ 14 October 2023


စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကို ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီက အောက်တိုဘာ ၁၃ ရက် ရက်စွဲဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားပါတယ်။

 

အသစ်ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ကော်မတီမှာ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ပါဝင်ပြီး အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေမှူးနဲ့ ကော်မတီအဖွဲ့ဝင် ၅ ဦး ပါဝင်ပါတယ်။

 

အဆိုပါကော်မတီရဲ့ လုပ်ငန်းတာဝန်တွေကတော့ စက်သုံးဆီဈေးနှုန်းတွေ စနစ်တကျရှိစေရေး ကြီးကြပ်ဆောင်ရွက်ဖို့၊ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းပြည့်မီတဲ့ စက်သုံးဆီတွေကိုသာ တင်သွင်းလာစေရေးကြပ်မတ်ဖို့၊ ပြည်ပကစက်သုံးဆီသင်္ဘောတွေ ဆိပ်ကမ်းဝင်ရောက်ရာမှာ ကြန့်ကြာမှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်ဖို့စတဲ့အချက်တွေ အပါအဝင် လုပ်ငန်းတာဝန် ၁၀ ချက်ကို ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဖော်ပြပါတယ်။

 

ထို့ပြင် ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ကော်မတီအဟောင်းကို ယခုအမိန့်ကြော်ငြာစာနဲ့ ပယ်ဖျက်လိုက်တယ်လိုလည်း ဖော်ပြထားပါတယ်။

 

#ymg_mnn #Local_News #စက်သုံးဆီတင်သွင်း #ဖြန့်ဖြူးခြင်းလုပ်ငန်း #Yangon_Media_Group