#Local_News
Published_13 Oct 2023

ယခုနှစ်အတွင်း အော်ဒါမှာယူမှုများပြား‌နေသည့် ရိုးရာမီးပုံးနှင့်ကလေးလက်တွန်း လှည်းများ ကုန်ကြမ်းဈေးနှင့်အနည်းငယ်မြင့်တက်လာကြောင်း မီးပုံးလုပ်ငန်းလုပ်ကိုင်သူများဆီက သိရသည်။

 

ရိုးရာမီးပုံးနှင့် လက်တွန်းလှည်းများပြုလုပ်ရာတွင်အသုံးပြုရသည့် စက္ကူ ဆီစိမ်စက္ကူ၊ဆေးနှင့်ဝါးများကို အသုံးပြုရလေ့ရှိပြီးယခုနှစ်အတွင်းဈေးနှုန်းများ ဆေး‌ဈေးနှုန်းအနည်းငယ်နှင့်ဝါးဈေးနှုန်းမှာ ထက်ဝက်ခန့်အထိမြင့်တက်လာသောကြောင့် ရိုးရာမီးပုံးနှင့် လက်တွန်းလှည်းများမှာလည်းတစ်ခုလျှင်ကျပ်၁၀၀မှ ၅၀၀ ကျပ်အတွင်းမြင့်တက်လာကြောင်း သိရသည်။



"ဒီနှစ်ကမနှစ်ကထက်သွက်နေတယ်။ အမှာများတဲ့အတွက်လည်းမနှစ်ကထက်ပိုလုပ်ရတယ်။ အမြတ်တော့နည်းတယ်ကုန်ကြမ်းဈေးတက်တော့ လက်လီ‌ရောင်းသူလဲအဆင်ပြေအောင်အမြတ်လဲ သိပ်မတင်ဘူး။ မှာကြပါတယ်တော်တော်များများလဲမှာတယ်"ဟု ရန်ကုန်မြို့မှ ရိုးရာမီးပုံးလုပ်ကိုင်သူ ဒေါ်အုန်းမြင့်ကပြောသည်။

 

အဆိုပါ သီတင်းကျွတ်မီးထွန်းပွဲ‌တော်အတွက် အသုံးပြုကြသည့်မီးပုံးလုပ်ငန်းများအားဇူလိုင်လကုန်ခန့်မှစတင်၍ လုပ်ကိုင်လေ့ရှိကြပြီးယခုနှစ်အတွင်း အော်ဒါမှာယူမှုပိုမိုများပြားကြောင်း သိရသည်။

 

ထိုသို့အော်ဒါမှာယူရာတွင်မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးရှိမြို့နယ်အချို့နှင့်ရှမ်းပြည်နယ်တို့မှ အဓိကမှာယူနေကြောင်း သိရသည်။

 

သီတင်းကျွတ်မီးထွန်းပွဲတော်အတွင်း၌ မြန်မာ့ရိုးရာလက်မှုမီးပုံးများအပြင် တရုတ်မီးပုံးများလည်း ပြည်တွင်းသို့ဝင်ရောက်လေ့ရှိပေသော်လည်း ယခုနှစ်အတွင်းရိုးရာမီးပုံးများအား ပိုမိုအာရုံစိုက်လာကြကြောင်းသိရသည်။

 

လက်လီဈေးကွက်၌ မီးပုံးအမျိုးအသားအလိုက် တစ်လုံးလျှင်ကျပ် ၁၀၀၀ မှ ၅၀၀၀ ကျပ်ဝန်းကျင်နှင့် ကလေးလက်တွန်းလှည်းတစ်စီးလျှင် ယုန်လက်တွန်းလှည်း
တစ်စီးလျှင် ကျပ် ၃၀၀၀ အထိဈေးနှုန်းအသီးသီးရှိနေကြောင်း သိရသည်။

 

#Local_News #ရိုးရာမီးပုံးများ #ကုန်ကြမ်းဈေးမြင့်တက် #YMG/NN