#Local_News
Published-13 October 2023


မလေးရှားတွင် မြန်မာလူငယ်တစ်ဦး ကွမ်းဝါးရင်းစကားပြောစဉ် လေပြွန်ပိတ်ပြီး ရုတ်တရက်သေဆုံးမှုဖြစ်ခဲ့ကြောင်း မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)က သိရသည်။

 

အောက်တိုဘာလ ၁၂ရက်က မလေးရှားနိုင်ငံ ကလန်းမြို့တွင်နေထိုင်သော ကိုမိုးဒီ(ခ) မောင်မောင်ထွန်းသည် အလုပ်မှအပြန် ကွမ်းယာစားပြီးကွမ်းဝါးရင်း သူငယ်ချင်းများနှင့်စကားပြောနေစဉ် လေပြွန်ပိတ်ပြီး ကလန်းမြို့ဆေးရုံကြီးသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း ယင်းအသင်းကသိရသည်။

 

သေဆုံးသူမှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အောင်တိုင်ကျေးရွာမှ အသက်(၂၇)နှစ်အရွယ်ရှိကြောင်း၊ရုပ်အလောင်းကို အောက်တိုဘာလ ၁၄ရက် မွန်းလွဲ၂နာရီတွင် မလေးရှားနိုင်ငံရှားလမ်းမြို့BlissGardenချဲရပ်သုဿာန်ရှိ မီးသဂြိုလ်စက်၌သဂြိုလ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကူညီရေးအသင်း(မလေးရှား)ကသိရသည်။

 

#Local_News #မလေးရှား #ရုတ်တရက်သေဆုံး #Yangon_Times/PP