#Local_News
Published-13 Oct 2023

တနင်္သာရီတိုင်းအတွင်းမှ ကျွန်းပေါင်း ၅၀ ခန့် ၌ခရီးသွားလုပ်ငန်းများဆောင်ရွက်နေ တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးမှုဌာနမှ သိရသည်။

 

အဆိုပါတိုင်းဒေသကြီးတွင် ကျွန်းပေါင်း ၈၀၀ ကျော်အထိရှိရာ ၅၀ခန့်၌နေ့ချင်းပြန်နှင့် ၄ညအိပ်၅ညခရီးစဉ် များဖြင့်လည်းပတ်နိုင်ကြောင်း သိရသည်။

 

"ကျွန်းပေါင်း ၄၀ ကျော်၅၀ လောက်မှာ ခရီးသွားလုပ်ငန်း‌တွေဆောင်ရွက်နေပါတယ်။ အဲ့ဒီထဲမှာမှ ညအိပ်လို့ရတဲ့ကျွန်းပေါင်း ၈ ကျွန်း ရှိပါတယ်။ ကျန်ကျွန်းတွေကတော့နေ့ချင်းပြန်ပါ။ ဒေသမှာရှိတဲ့တိုင်းရင်းသား ဆလုံလူမျိုးတွေရဲ့ လူနေမှုဘဝတွေကိုလည်းလေ့လာနိုင်မှာပါ" ဟုတနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးမှုဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။



အဆိုပါ လည်ပတ်နိုင်သည့် ကျွန်းများတွင် အဏ္ဏဝါခရီးစဉ်များအဖြစ်သွားရောက်နိုင်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း၌ ရေငုတ်အပန်းဖြေခြင်းများအပြင်သဘာဝပတ်ဝန်းကျင်ကို မှီတင်းနေထိုင်ကြသည့်ရေနေကုန်းနေသတ္တဝါများကျက်စားနေထိုင်မှုများနှင့် ဇီဝမျိုးစုံမျိုးကွဲများ၏သဘာဝအခြေအနေများ ၊ဒေသခံများ၏ လူနေမှု ဓလေ့များကိုလည်းလေ့လာနိုင်မည်ဖြစ်ကြောင်း၊ ညအိပ် ခရီးစဉ်အဖြစ်သွားရောက်လည်ပတ်နိုင်သည့် ကျွန်းများမှာ ကော့သောင်းခရိုင်အတွင်းမှာရှိပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှတရားဝင်လိုင်စင်ရရှိထားသည့် ဟိုတယ်များ ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် တိုင်းတစ်ခုလုံး၌လိုင်စင်ရရှိထားသည့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တရားဝင်လိုင်စင်ရရှိထားသည့်အခန်းပေါင်း ၂၂၅၅ခန်းပါဝင်သည့် ဟိုတယ်ပေါင်း ၄၉ လုံး၊ အခန်းပေါင်း၁၂၈ ခန်းပါဝင်သည့် တည်းခိုရိပ်သာ ၁၁ခုရှိကြောင်း သိရသည်။

 

တနင်္သာရီတိုင်းဒေသကြီး၌ ပြီးခဲ့သည့် နှစ်ဇန်နဝါရီမှ ဒီဇင်ဘာလအထိ ပြည်တွင်းပြည်ပခရီးသွားပေါင်း ၁၆၅၀၀၀ ခန့်လာရောက်လည်ပတ်ကြပြီး ပြည်ပခရီးသွားများတွင် ထိုင်းနှင့်တရုတ်လူမျိုးများပါဝင်ကြောင်း သိရသည်။

 

#Local_News #ကျွန်းပေါင်း ၅၀ခန့် #ခရီးသွားလုပ်ငန်း #YMG/NN