#Local_News
Published 13 October 2023


ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် မူးယစ်ဆေးဝါးတွေ့ရှိမှုဖြင့် မြန်မာနိုင်ငံသား ၂ဦး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းသတင်းဌာန များ၏ ဖေါ်ပြချက်အရ သိရသည်။

 

အောက်တိုဘာ ၁၃ ရက်က မဲဆောက်မြို့၊ အမှတ် (၁)၊ ထာ့ဆိုင်လွှက်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် ကျေးရွာလုံခြုံရေးအတွက် လှည့်ကင်းပြုလုပ်နေစဉ် ကျေးရွာအပိုင်ရှိ လူကူးခုံးကျော်တံတားအနီးတွင် မသင်္ကာဖွယ်ရာ မြန်မာနိုင်ငံသား ၂ ဦးကို တွေ့ရှိသဖြင့် စစ် ဆေးခဲ့ရာမှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ စစ်ဆေးရာတွင် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးကို ဖမ်းဆီးရာမှာ အမျိုးသား၏ဘက်လွယ်အိပ်အတွင်းမှ WYစာတန်းပါမူးယစ်ဆေးဝါး ၇ ပြားနှင့် ဓါးမြှောင် ၁ချောင်းတို့အား တွေ့ရှိရကြောင်း သိရသည်။

 

အဆိုပါ ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသား ၂ ဦးအနက် အမျိုးသားဖြစ်သူအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုတို့ဖြင့် အမှုဖွင့်လှစ်ထားပြီး အမျိုးသမီးဖြစ်သူအား ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမှုဖြင့် မဲဆောက်ရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

 

#Local_News #မြန်မာ၂ဦးအဖမ်းခံရ #YMG/LW #Yangon_Times