#Local_News
Published-13 October 2023

တောင်ကိုးရီးယားတွင် မြန်မာတစ်ဦး အိပ်နေစဉ်သေဆုံးမှု ယနေ့အောက်တိုဘာလ ၁၃ ရက် က ဖြစ်ပွားခဲ့သည်။

 

ယင်းသေဆုံးသူမှာ ကိုရီးယားနိုင်ငံ ဂယောင်ဂီပြည်နယ် ဆုဝါန်မြို့တွင်နေသောအသက် ၃၉ နှစ်အရွယ်ကိုနိုင်ဝင်းထွန်းဖြစ်ပြီး မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် ဗိုလ်ချုပ်ရွာနေ ဦးသန်းဝင်း၊ ဒေါ်ကြိုင်ကြိုင်တို့၏သားဖြစ်ကြောင်း၊ ၎င်း၏မိဘ ၂ ပါးလုံးမှာလည်းကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီးဖြစ်ကြောင်းသိရသည်။

 

"ကိုနိုင်ဝင်းထွန်းသေဆုံးနေ​တာကို အခန်းနေ သူငယ်ချင်းတစ်စုက ၁၁၉ ကို ဖုန်းဆက် အကူအညီတောင်းခဲ့တယ်လို့သိရပြီး လက်ရှိအချိန်မှာရဲဝန်ထမ်းတွေ
က ကွယ်လွန်သူနဲ့ ပတ်သက်သမျှကို စစ်ဆေးနေတယ်လို့သိရတယ်"ဟု ကိုးရီးယားရောက် မြန်မာလုပ်သားများကိုကူညီဆောင်ရွက်ပေးနေသူ ကိုဇော်မိုးအောင်ထံကသိရသည်။

 

ရဲဝန်ထမ်းများ စစ်ဆေးပြီးနောက် သင်္ဂြိုဟ်ခွင့်ပြုပါက နာရေး ကိစ္စကိုလုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

 

Photo-Zaw Moe Aung
#Local_News #တောင်ကိုးရီးယား #အိပ်နေစဉ်သေဆုံး
#Yangon_Times/PP