#Local_News
Published_ 12 October 2023


တစ်ခေတ်တစ်ခါက ပရိတ်သတ်များအသည်းနှလုံးကို သဘင်အနုပညာမှော်ဖြင့် ဆွဲကိုင်ဖမ်းစားနိုင်ခဲ့သည့် အငြိမ့်မိခင်ကြီးရွှေလိပ်ပြာဒေါ်အေးကြည်သည် အောက်တိုဘာလ ၁၁ ရက်တွင်ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)မှသိရသည်။

 

အငြိမ့်မင်းသမီးကြီး ရွှေလိပ်ပြာဒေါ်အေးကြည်သည် မြန်မာနိုင်ငံသဘင်အစည်းအရုံးနာယကတစ်ဦးဖြစ်သလို နှလုံးသားကိုအလှဆင်မည့်အငြိမ့်မင်းသမီးများအဆိုအကအဖွဲ့မှလှူဒါန်းကန်တော့လေ့ရှိသည့် အငြိမ့် မိခင်ကြီးတစ်ဦးလည်းဖြစ်သည်။

 

‘အမေကြီးရွှေလိပ်ပြာကွယ်လွန်သွားတဲ့အတွက် နှမျောတသ ဝမ်းနည်းကြေကွဲရပါတယ်။ ကွယ်လွန်ချိန်မှာ အသက်ကတော့၉၂နှစ်၊၉၃ပေါ့။ အလုံမြို့နယ်က ရွှေလိပ်ပြာအိမ်ရာမှာ ကွယ်လွန်သွားပါတယ်။ အမေကြီး (ရွှေလိပ်ပြာ)ကျန်းမာနေချိန်အိုမင်းတဲ့အချိန်မှာ အမေကျားတို့တစ်ခါသွားကန်တော့တယ်။ နောက်တစ်ကြိမ် လူကြီးရောဂါဖြစ်လို့သိပ်မသိတော့တဲ့အချိန်မှာ တစ်ခါသွားတယ်။ နောက်ဆုံးတစ်ကြိမ်တစ်ခါသွားဖြစ်တယ်’’ဟု နှလုံးသားကိုအလှဆင်မည့်အငြိမ့် မင်းသမီးများအဆိုအကအဖွဲ့မှ အငြိမ့်မင်းသမီးကျားလေးစိန်ကပြောပြသည်။

 

နှလုံးသားကို အလှဆင်မည့်အငြိမ့်မင်းသမီးများ အဆိုအကအဖွဲ့အနေဖြင့် ပြည်တွင်းပြည်ပအလှူရှင် သူတော်ကောင်းများကိုယ်စား အငြိမ့်မိခင်ကြီး ရွှေ ..ရွှေလိပ်ပြာ..ဖွားဖွားကြီးရွှေလိပ်ပြာ၏ နောက်ဆုံးခရီးကို သင်္ဂြိုဟ်သွားဦးမည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #အငြိမ့်မိခင်ကြီး #ရွှေလိပ်ပြာဒေါ်အေးကြည်
#tthl #Yangon_Times