#Local_News
Published 12 October 2023


လာမည့် ၄၈ နာရီ အတွင်း စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နယ်တွင် ယင်းမြို့၏ စိုးရိမ်ရေ အမှတ်ကို ရောက်ရှိလာမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက ထုတ်ပြန်သတိပေးထားသည်။

 

အောက်တိုဘာလ ၁၂ ရက် မြန်မာစံတော်ချိန် ၁၂နာရီခွဲ တိုင်းတာချက်အရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေအမှတ်အောက် ၂ပေကျော် (၆၂စင်တီမီတာ)တွင် ရောက်ရှိနေပြီး နောက် ၂ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေအမှတ်ကို ရောက်ရှိလာမည် ဟု ထုတ်ပြန်ကြေညာထားသည်။

 

ထို့ကြောင့် တောင်ငူမြို့နယ်အတွင်း ရှိ့မြစ်ကမ်းပါးအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် အထူး သတိပြုနေထိုင်ကြရန်အကြံပြုထားကြောင်း သိရသည်။

 

ယခင်ရက်ပိုင်းက စိုးရိမ်ရေအမှတ်ထက် ၄ပေကျော်ရောက်ရှိခဲ့သည် ပဲခူးမြစ်ရေသည် အောက်တိုဘာ ၁၂ ရက် နေ့လည် ၁နာရီခွဲ တိုင်းတာချက်အရ ပဲခူးမြို့၏ စိုးရိမ်ရေအမှတ် ထက်၂ပေခန့်(၅၆စင်တီမီတာ) ရောက်ရှိနေပြီး နောက် ၂ရက်အတွင်း စိုးရိမ်ရေအမှတ် အောက်ကိုပြန်လည်ကျဆင်းနိုင်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

 

#YMG/LW #Local_News #စစ်တောင်းမြစ်ရေ #မိုးဇလသတိပေး #Yangon_Times