#Local_News
Published-12 October 2023


၉လအတွင်း ယာဉ်တိုက် မှုပေါင်း (၃၆၀၀) ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ(၁၈၀၀) ကျော်ရှိခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

 

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ယာဉ်တိုက်မှုပေါင်း (၃၆၃၄)ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၁၈၆၄)ဦးနှင့် ဒဏ်ရာရရှိသူ (၄၉၉၃)ဦး ရှိခဲ့ကြောင်း သိရသည်။

 

ယာဉ်တိုက် မှုများအနက် ရန်ကုန်တိုင်းသည် ယာဉ်တိုက်မှုအများဆုံးဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှုပေါင်း (၆၄၁)ကြိမ်နှင့် သေဆုံးသူပေါင်း (၃၁၉)ဦးရှိခဲ့ကြောင်း သိရပြီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုပေါင်း(၁၂၆)ကြိမ်ဖြစ်ပွားခဲ့ပြီး လူ(၇၀)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ယခင်နှစ် ၂၀၂၂ ခုနှစ်၊ အလားတူကာလ၌ ယာဉ်တိုက် မှုပေါင်း (၄၂၈၄)ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူပေါင်း (၂၁၀၂)ဦးရှိခဲ့​၍  ယခုနှစ်နှင့်နှိုင်းယှဉ်ပါက ယာဉ်တိုက် မှုပေါင်း (၆၅၀)ကြိမ်လျော့ကျခဲ့ပြီး သေဆုံးသူအနေဖြင့် (၂၃၈)ဦး ကျဆင်းခဲ့ကြောင်း အချက်အလက်များအရ သိရသည်။

 

Photo-MFSD
#Local_News #ယာဉ်တိုက်မှုပေါင်း(၃၆၀၀) ကျော် #သေဆုံးသူ(၁၈၀၀)ကျော်ရှိခဲ့
#Yangon_Times/PP