#Local_News
Published_ 11 October 2023

အဆုတ်ကင်ဆာရောဂါအထိဖြစ်ပွားနိုင်သည့် ပဲသွေး၊ ချက်နို့ဆီနှင့် မုန့်ဟင်းခါးဖတ်များ၌ဖော်မလင်သုံးစွဲနေသူအချို့အား ထိရောက်စွာအရေးယူရန်လိုအပ်ကြောင်း စားသုံးသူရေးရာကျွမ်းကျင်သူဦးဗအုပ်ခိုင်က ပြောသည်။

 

"ပဲသွေး၊ခေါက်ဆွဲ၊ချက်နို့ဆီ၊ မုန့်ဟင်းခါးဖတ်‌တွေမှာတောင် ဖော်မလင်တွေပါတတ်တယ်။ ဖော်မလင်‌တွေက စားသုံးသူတွေရဲ့ ရိုးတွင်းခြင်ဆီကိုအဆိပ်သင့်တာနဲ့ အဆုတ်ကင်ဆာအထိ ဖြစ်နိုင်တယ်။ အရမ်းအန္တရာယ်ကြီးတဲ့အတွက် ဒါတွေကို ထိထိရောက်ရောက်အရေးယူပေးသင့်ပါတယ်" ဟု ၄င်းကဆက်ပြောသည်။

 

အဆိုပါ ဖော်မလင်ကို အစားအသောက်များကြာရှည်ခံစေရန် စားသောက်ကုန်ထုတ်လုပ်သူအချို့က ထည့်သွင်းသုံးစွဲနေခြင်းဖြစ်ကြောင်း၊ ဖော်မလင်ဒဏ်ကို အသက်ကြီးသူများနှင့်ကလေးသူငယ်များမှာ ခံနိုင်ရည်နည်းတဲ့အတွက်ပိုထိခိုက်နိုင်သည့်အပြင် ကိုယ်ဝန်ဆောင်သ​ေန္ဓသားထိခိုက်ခြင်းလည်းဖြစ်‌စေနိုင်‌ကြောင်း သိရသည်။

 

ဖော်မလင်သည်ရေတွင် ဖော်မယ်ဒီဟိုက် အငွေ့ပျော်ဝင်နေသည့် အရည်ဖြစ်ပြီး ပြည်ပနိုင်ငံအများစု၌ ကြမ်းခင်းဆေး၊ သုတ်ဆေးသစ်သားဘုတ်ပြား ဓါတ်ခွဲခန်းသုံး ပစ္စည်းများ ထုတ်
လုပ်ရာတွင် အသုံးပြုလေ့ရှိပြီး အငွေ့၌ပင် အန္တရာယ်များပြားသည့်အတွက် လုပ်ငန်းခွင်အန္တရာယ်အနေဖြင့် အထူးဂရုပြုကြလေ့ရှိကြောင်း သိရသည်။

 

#Local_News #ကင်ဆာရောဂါ #ပဲသွေး #ချက်နို့ဆီ #မုန့်ဟင်းခါးဖတ် #NN #Yangon_Times