#Local_News
Published_ 10 October 2023

 

ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ ဝန်ထမ်းအိမ်ယာတစ်ခုတွင် အနံ့အသက် များထွက်၍သွားရောက်စစ်ဆေးရာ အမျိုးသား၁ဦး ပုပ်ပွသေဆုံးလျက်တွေ့ရှိခဲ့ကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအသင်းကသိရသည်။

 

ပြည်သူတစ်ဦးက အဆိုပါဖြစ်စဉ်ကိုလားရှိုးလူငယ်များ လူမှုကူညီရေးအသင်းထံ အောက်တို ဘာလ ၁၀ ရက်ကဆက်သွယ်အကြောင်းကြားခဲ့​၍ သွားရောက်စစ်ဆေးကြရာအထက်ပါအတိုင်းတွေ့ရခြင်းဖြစ်သည်။

 

အခင်းဖြစ်ပွားရာနေရာသို့သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း လိုအပ်သည့်စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

ထို့နောက် လူမှုကူညီရေးအသင်းကသေဆုံးသူအမျိုးသား၏ရုပ်အလောင်းကို လားရှိုးပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ပို့ဆောင်ပေးခဲ့ပြီးယင်းမှတစ်ဆင့် ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

 

#Local_News #လားရှိုးမြို့ #အမျိုးသား၁ဦး ပုပ်ပွသေဆုံး
#Yangon_Times/PP