Published_ 09 October 2023

       ပဲခူးမြို့ရေကြီးမှုအတွက် သဘင်အစည်းအရုံး(ဗဟို)မှ ဒေသခံများအားသွားရောက်လှူဒါန်း
ခြင်းများ ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)မှ သိရသည် ။

       ထိုသို့သွားရောက်လှူဒါန်းရာတွင် ဆန်အိတ်များ၊ ထမင်းဗူးများ၊ ဆေးဝါးများ နှင့် ဖယောင်းတိုင်များ စသည့်လူဦးရေ (၂၀၀) စာ အတွက်အလှူပစ္စည်းများ လှူဒါန်းကြမည်ဖြစ်
ကြောင်းသိရသည်။

    ထို့ကြောင့် လက်ရှိဖြစ်ပေါ်နေသည့်  ပဲခူးမြို့ရေကြီး ရေလျှံမှုကြောင့်အခက်အခဲများ ကြုံတွေ့နေရသည့် သဘင်မိသားစုများနှင့် ပြည်သူများအား အချိန်နှင့်တပြေးညီ ကူညီလှူဒါန်းရန်အတွက် ဗဟိုသဘင်မှ ဥက္ကဌ၊ ဒုဥက္ကဌ တို့ ဦးဆောင်လျှက်ပဲခူးမြို့သို့ ထွက်ခွာသွားကြပြီ ဖြစ်ကြောင်းသိရသည်။

       ထို့အပြင် ဆက်လက်၍လည်း လိုအပ်ချက်များကိုဖြည့်စွက် လှူဒါန်းသွားမည် ဖြစ်ပါသဖြင့် လုပ်အားဒါန၊ အလှူငွေ အလှူပစ္စည်းဒါန ပါဝင်လိုသူ စေတနာရှင်များ အနေဖြင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ရုံး ဖုန်း- 018371528 သို့ ဆက်သွယ်နိုင်ကြောင်းသိရသည်။
Yangon_Time/NN
#Local_News
#YMG #Yangon_Times #Yangon_Media_Group