Published_ 09 October 2023

အစ္စရေးနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် အစ္စရေးတွင်လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများ အခြေအနေများကြောင့် လုံခြုံရေးအခြေအနေအရ အရေးတကြီးလိုအပ်ချက်မရှိပါက နေအိမ်အတွင်း သာနေထိုင်ရန် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှအောက်တိုဘာလ ၉ရက်တွင်အသိပေးချက်ကြေညာချက် ထုတ်ပြန်လိုက်သည်။

အဆိုပါကြေညာချက်တွင် အစ္စရေးနိုင်ငံတွင် လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲများ အခြေအနေများကြောင့် ယင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် အရေးတကြီးလိုအပ်ချက်မရှိပါက မိမိတို့နေအိမ်များတွင်သာ နေထိုင်ရန် ၊ တိုက်ပွဲအခြေအနေနှင့် ကြုံတွေ့လာပါက လုံခြုံသည့် နေရာတွင်နေရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် အကူအညီ လိုအပ်လာပါက အောက်ဖော်ပြပါ ဆက်သွယ်ရန် လိပ်စာများသို့ ဆက်သွယ်နိုင်ကြောင်း အသိပေးအပ်ထားသည်။

အစ္စရေးရောက် မြန်မာနိုင်ငံသားများအနေဖြင့်(က) မြန်မာသံရုံးဖုန်း- (၉၇၂) (၃) ၅၁၇၀၇၆၀ (၉၇၂) (၃) ၅၁၆၃၃၆၄ Hotline No. ၀၅၈ ၇၈၉၉၁၇၇/ ၀၅၈ ၄၀၈၁၃၄၇ (ခ) နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ ကောင်စစ်ရေးရာဌာန၊ နိုင်ငံသားအကျိုးဌာနခွဲ၊ နေပြည်တော်Hotline No. (၉၅) ၉၄၃၁၁၈၄၅၀/ (၉၅) ၉၈၈၂၂၆၄၇၄၄သို့ဆက်သွယ်နိုင်ပြီး အစ္စရေးအစိုးရမှ ထုတ်ပြန်သတိပေးချက်များအား National Emergency Portal – Home Page တွင် ပုံမှန်စောင့်ကြည့် ကြည့်ရှုဆောင်ရွက်ပါရန် တိုက်တွန်းထားကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group