Published_ 07 October 2023

ကိုလူချောအဖွဲ့မှဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်ဦးစိုးတင့်သည်အောက်တိုဘာလ(၇)ရက်ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှသိရသည်။

အသည်းကင်ဆာရောဂါဖြင့်ကွယ်လွန်သွားခြင်းဖြစ်ပြီး သူနှင့်အတူသရုပ်ဆောင်ခဲ့သည့် လုပ်ဖော်ကိုင်ဖက်အနုပညာ ရှင်တွေအနေဖြင့် အထူးဝမ်းနည်းကြေကွဲရသည်ဟုဆိုသည်။

လူကြမ်းစိုးတင့်ကွယ်လွန်တာနှင့်ပတ်သက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဦးဝင်းမြိုင်က ‘လူကြမ်းစိုးတင့် ဆိုတာ ဇာတ်ပို့ဇာတ်ရံအလွှာကဖြစ်သလို ကိုလူချောအဖွဲ့ဝင်ဖြစ်ပါတယ်။
ကွယ်လွန်သွားတယ်ဆိုတာမှန်ပါတယ်။

သူကရုပ်ရှင်၊ဗီဒီယိုတွေမှာ ဇာတ်ပို့ဇာတ်ရံ အဓိကသရုပ်ဆောင်ရတာက လူကြမ်းလိုင်းသရုပ်ဆောင်ရတယ်။

ထိုးကြိတ်ခန်းတွေ၊လူဆိုးခန်းတွေသရုပ်ဆောင်ရတာများတယ်။ သူကွယ်လွန်သွားတဲ့အတွက် အားလုံးကလည်း ခင်မင်ရင်းနှီးနေတာဆိုတော့ ကျွန်တော်တို့လည်းထိခိုက်ခံစားရပါတယ်။

နှစ်ပေါင်းများစွာလက်တွဲလုပ်လာရတာ ဖြစ်တဲ့အတွက် မမျှော်လင့်ဘဲနဲ့ အချိန်တိုလေးအတွင်းမှာလောကကြီးကိုစွန့်ခွာသွားရတဲ့အတွက် ကျွန်တော်တို့ လည်းအထူးစိတ်မကောင်းဖြစ်ရပါတယ်။ အသည်းကင်ဆာကြောင့်ဆုံးပါးသွားတာပါ”ဟုပြောပြသည်။
Yango_Times/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group