Published_ 07 October 2023

စက်တင်ဘာလ အတွင်း ကန်ဒေါ်လာ ၄၂သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ရှစ်သောင်းကျော်ဖြင့် ခြောက်လတာအတွင်း ဒုတိယအများဆုံးတင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

၂၀၂၃-၂၄ဘဏ္ဍာနှစ်ဧပြီမှ စက်တင်ဘာလအထိ ခြောက်လတာအတွင်း ပြည်ပနိုင်ငံများသို့ ကန်ဒေါ်လာသန်းပေါင်း၂၀၈ တန် ဖိုးရှိသည့် ဆန်နှင့် ဆန်ကွဲတန်ချိန် လေးသိန်းခြောက်သောင်းကျော်တင်ပို့ထားခြင်းဖြစ်သည် ။

ဧပြီလအတွင်း၌ ကန်ဒေါ်လာ ၃၆သန်း တန်ဖိုးရှိသည့် ဆန်နှင့်ဆန်ကွဲတန်ချိန် ၈၇,၆၄၈ တန်၊ မေလအတွင်း၌ ကန်ဒေါ်လာ ၄၈ သန်းတန်ဖိုးရှိသည့် ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၁၀,၇၀၆တန်၊ဇွန်လအတွင်း၌ ကန်ဒေါ်လာ ၂၈ သန်းတန်ဖိုးရှိသည့် ဆန်နှင့် ဆန်ကွဲ၆၂၇၂၅တန်၊ဇူလိုင်လအတွင်း၌ ကန်ဒေါ်လာ ၂၆ သန်းတန်ဖိုးရှိသည့် ဆန်နှင့် ဆန်ကွဲ၅၈၃၃၄တန်၊ သြဂုတ်လအတွင်း၌ ကန်ဒေါ်လာ ၂၈ သန်းတန်ဖိုးရှိသည့် ဆန်နှင့် ဆန်ကွဲ၅၉၉၇၁တန် နှင့် စက်တင်ဘာလအတွင်း၌ ကန်ဒေါ်လာ ၄၂ သန်းတန်ဖိုးရှိသည့် ဆန်နှင့်ဆန်ကွဲ၈၄၇၇၃တန်ကို ပြည်ပနိုင်ငံများသို့တင်ပို့ခဲ့ကြောင်း သိရသည် ။

ပြည်ပနိုင်ငံများကို ဆန်နဲ့ဆန်ကွဲတင်ပို့ရာတွင် ကုမ္ပဏီပေါင်း ၂၀ကျော်မှ၄၀ကျော်အထိ တင်ပို့နေခြင်းဖြစ်ပြီး အာရှ၊အာဖရိကနှင့်ဥရောပနိုင်ငံများသို့ ပင်လယ်ရေကြောင်းနှင့်နယ်စပ်ကုန်သွယ်ရေးများမှ တစ်ဆင့် တင်ပို့နေခြင်းဖြစ်ကြောင်းသိရသည် ။

စက်တင်ဘာ ၁ရက်က ၃၀ရက်အထိ ဆန်နှင့်ဆန်ကွဲတင်ပို့သည့်ကုမ္ပဏီပေါင်း ၄၂ကုမ္ပဏီက ဆန်တန်ချိန် ၅၃,၇၆၁တန်နှင့် ဆန်ကွဲတန်ချိန်၃၁,၀၁၁တန်စုစုပေါင်းဆန်နှင့်ဆန်ကွဲတန်ချိန် ၈၄,၇၇၃ တန်ကို ပြည်ပနိုင်ငံပေါင်း ၄၀နိုင်ငံကို တင်ပို့ခဲ့ကြောင်းသိရသည် ။

အဆိုပါကဲ့သို့တင်ပို့ရာတွင် စက်တင်ဘာလ၌ပင်လယ်ရေကြောင်းမှ ၇၇,၅၇၅ တန်နှင့် နယ်စပ်ကုန်သွယ်ရေးမှ ၇,၁၉၈ တန်ကို တင်ပို့ခဲ့ကြောင်းသိရသည် ။

ဆန်ကိုအင်ဒိုနီးရှားနိုင်ငံကို၁၁၇၇၅တန်နဲ့အများဆုံး၊ မလေးရှားနိုင်ငံကို၁၀၁၄၆နှင့်ဒုတိယအများဆုံး ၊ဖိလစ်ပိုင်နိုင်ငံကို ၈၈၄၀တန်နှင့် တတိယအများဆုံး အပါအဝင်စုစုပေါင်းနိုင်ငံပေါင်း ၂၇နိုင်ငံကို တင်ပို့ခဲ့ကြောင်းသိရသည်။

ဆန်ကွဲကိုမူ တရုတ် နိုင်ငံကို၈၆၃၃ဖြင့် အများဆုံး၊ဘယ်လ်ဂျီယမ်နိုင်ငံသို့ ၇၂၀၀
တန်ဖြင့်ဒုတိယအများဆုံး ၊ ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် ၄၅၅၀ဖြင့် တတိယအများဆုံးတင်ပို့ခဲ့ပြီး စုစုပေါင်းနိုင်ငံပေါင်း ၁၃ နိုင်ငံကို တင်ပို့ခဲ့ကြောင်းသိရသည် ။
Yangon_Time/NN
#Local_News
#YMG #Yangon_Times #Yangon_Media_Group